ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်၊ တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်လျက်ရှိဟု ဒုတပ်ချုပ် အသိပေး
မျိုးကြီး (NSS) - အောက်တိုဘာ ၃
ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်၊ တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်လျက်ရှိကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့(အောက်တိုဘာလ ၂ ရက်)တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းသားအရာရှိ၊ နည်းပြအရာရှိများနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုသည် မရှိမဖြစ်လိုအပ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် NSPNC က ကြိုးပမ်းဆောင်ရွက်နေကြောင်း ဒုတပ်ချုပ်က ပြောသည်။
တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအား NCA နှင့်အညီ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ထာဝရငြိမ်းချမ်းရေးအတွက်လည်း နိုင်ငံတော်၊ တပ်မတော်အနေဖြင့် အမြဲတမ်းပွင့်လင်းမြင်သာစွာဆွေးနွေးနိုင်ရေး ဖိတ်ခေါ်လျက်ရှိကြောင်းနှင့် လက်မှတ်ရေးထိုးရန် ကျန်ရှိသောအဖွဲ့များနှင့်လည်း NCA လမ်းကြောင်းအပါအဝင် လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် လိုအင်ဆန္ဒများကို တရားဝင်တောင်းဆိုခွင့်ရရှိရေးကို ဆွေးနွေးလျက်ရှိကြောင်း နစကမှ ပြောသည်။
မကြာခင်အချိန်တွင် နစကအစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့်အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအားလုံးအား ဖိတ်ကြားကာကျင်းပသွားရန် ပြင်ဆင်လျက်ရှိသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့ရှိသည့်အနက် လက်ရှိတွင် KNU၊ CNF နှင့် ABSDF တို့သည် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေကြေးအကူအညီများတောင်းခံနေခြင်းနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးကို ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်လှောင်ပြောင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ