လျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် အရေးပေါ်လိုအပ်ချိန်၌ အစားထိုးတပ်ဆင်နိုင်မည့် Transformer များကို အရန်အဖြစ်ထားရှိရန် လိုအပ်ဟုဆို
စော(NSS) - အောက်တိုဘာ ၁
လျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် အရေးပေါ်လိုအပ်ချိန်၌ အစားထိုးတပ်ဆင်နိုင်ရန် Transformer များကို အရန်အဖြစ်ထားရှိသွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက တိုက်တွန်းထားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့ (စက်တင် ဘာလ ၃၀ ရက်)တွင် ပဲခူးတိုင်း၊ ဖြူးမြို့၊ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့သွားရောက်စဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အသစ်တည်ဆောက်ခြင်းများမပြုလုပ်နိုင်သည့်အချိန်တွင် ရှိပြီးသားစက်ရုံများကို ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းမောင်းနှင်သွားရန်လိုအပ်ပြီး ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရန်အတွက် စက်များ၏ကြံ့ခိုင်ရေးကိုလည်း စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၌ အရေးပေါ်လိုအပ်ချိန်တွင် အစားထိုးတပ်ဆင်နိုင်ရန် Transformer များကို အရန်အဖြစ်ထားရှိသွားရန်လိုအပ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
အဆိုပါ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ပဲခူးတိုင်း၊ ဖြူးမြို့၏ အနောက်ဘက် (၇) မိုင်ခန့်အကွာ ဖြူးချောင်းပေါ်တွင် တည်ဆောက်ထားကြောင်း သိရသည်။
၎င်းစက်ရုံသည် စက်တပ်ဆင်အင်အား (၂၀) မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်နှစ်လုံး စုစုပေါင်း စက်တပ်ဆင်အင်အား (၄၀) မဂ္ဂါဝပ်ဖြင့် တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၁၂၀)ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်လျက်ရှိသော ဓာတ်အားပေးစက်ရုံတစ်ရုံဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေတိဂုံ အပါအဝင် စေတီ ၃ ဆူ နှင့် မြို့နယ် ၆ ခု၏ မြေသားရွေ့လျားမှု၊ နိမ့်ကျမှု နှင့် မြင့်တက်မှုကို သိရှိနိုင်မည့် ငလျင်တိုင်းစက် နှင့် GPS စက်များတပ်ဆင်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း