ဝေလငါးတစ်ကောင်နှင့်တိုက်မိပြီးနောက် ဩစတြေးလျငါးဖမ်းသင်္ဘောတိမ်းမှောက်ပြီး တစ်ဦးသေဆုံး
Pika (NSS) - စက်တင်ဘာ ၃ဝ
ဩစတြေးလျနိုင်ငံတွင် စက်တင်ဘာလ(၃၀)ရက်က ငါးဖမ်းနေသည့် သင်္ဘောတစ်စီးကို ဝေလငါးတစ်ကောင်က ဝင်တိုက်မိခဲ့ခြင်းကြောင့် လှေတိမ်းမှောက်ခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဆစ်ဒနီကမ်းလွန်ပင်လယ်ပြင်ရှိ Botany ပင်လယ်အော်တွင် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသားတစ်ဦးမှာသေဆုံးခဲ့ပြီး အခြားတစ်ဦးကို ဆေးရုံတင်ခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ New South Wales ပြည်နယ် ရဲတပ်ဖွဲ့ဝန်ကြီး Yasmin Catley က"ဒီလိုဖြစ်ခဲ့မယ်လို့ ဘယ်သူကမှ ထင်ကြမှာမဟုတ်ပါဘူး။ ဒါက တကယ်ကိုဝမ်းနည်းစရာကိစ္စတစ်ခုပါပဲ။"ဟုပြောဆိုခဲ့သည်။
အဆိုပါဖြစ်ရပ်သည် လုံးဝထင်မှတ်မထားသော မတော်တဆမှုတစ်ခုဖြစ်ကြောင်း ပြည်နယ်အရေးပေါ်ဝန်ဆောင်မှုဝန်ကြီး Jihad Dib က ပြောကြားခဲ့သည်။ ဝေလငါးမျိုးစိတ်ကို အသေးစိတ်ဖော်ပြမထားသော်လည်း အဆိုပါဝေလငါးသည် ငါးဖမ်းသင်္ဘောကို တည့်ဝင်တိုက်မိခဲ့ပုံပေါ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ ဩစတြေးလျကမ်းရိုးတန်းတွင် ဝေလငါးမျိုးစိတ်အကြီး(၁၀)ကောင်နှင့် သေးငယ်သောဝေလငါးမျိုးစိတ် အကောင်(၂၀)ရှိကြောင်းသိရသည်။
ဩစတြေးလျတွင် ဝေလငါးများနှင့်ဆက်စပ်သော ဖြစ်ရပ်များကြောင့် လူသေဆုံးမှုများမှာ အလွန်ရှားပါးကြောင်းလည်း သိရသည်။ ဩစတြေးလျနှင့် အိမ်နီးချင်းနယူးဇီလန်တို့ရှိ ကမ်းခြေများတွင် ဝေလငါးများ အစုလိုက်အပြုံလိုက် မကြာခဏသောင်တင်လေ့ရှိကြောင်းလည်းသိရသည်။ ပြီးခဲ့သည့်ဇွန်လက ပစိဖိတ်သမုဒ္ဒရာတွင် သင်္ဘောတစ်စီးသည် ဝေလငါးတစ်ကောင် သို့မဟုတ် နှစ်ကောင်ခန့်နှင့် ဝင်တိုက်မိခဲ့ကာ တိမ်းမှောက်ခဲ့ပြီးနောက် Danes လူမျိုး(၈)ဦးကို ကယ်ဆယ်ခဲ့ရကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့ရှိ “ကြံတိုင်းအောင်” ကိုယ်ပိုင်အထက်တန်းကျောင်းကို PDF အဖွဲ့က စာတစ်စောင်ဖြင့် ပေးပို့ခြိမ်းခြောက်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း