လက်လုပ်မိုင်းသယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိမှု ရေးမြို့တွင်ဖြစ်ပွား
Pearl (NP News) - ဖေဖော်ဝါရီ ၂၁
မွန်ပြည်နယ်၊ ရေးမြို့၌ လက်လုပ်မိုင်းသယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၉) ရက်၊ နေ့လည် (၁)နာရီအချိန်ခန့်တွင် ရေးမြို့နယ်၊ ကော့ချကျေးရွာဘုရားအနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာတွင် နေထိုင်သူများဖြစ်သည့် ကိုဝေလင်းအောင်(၁၉)နှစ် နှင့် ကိုဟိန်းမင်းနိုင်(၁၈)နှစ်တို့သည် ဌာနဆိုင်ရာ အဖွဲ့အစည်းများရှိသည့် နေရာများတွင် ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်ရန် ကော့ဒွတ်ကျေးရွာနှင့် ကော့ချကျေးရွာကြားရှိ ဝါးရုံတောအတွင်း လွန်ခဲ့သည့် ရက်ပိုင်းတွင် လက်လုပ်မိုင်းအား ဝှက်သိမ်းထားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ထို့နောက် အဆိုပါ လက်လုပ်မိုင်းအားယူဆောင်ပြီး လမိုင်းမြို့သို့ ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် ၎င်းတို့(၂)ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက်သမား (၂)ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပါသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး ကွယ်လွန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း