ရန်ကုန်မြို့တွင် အမျိုးသားတစ်ဦး ဖုန်းအားသွင်ကြိုးဖြုတ်ရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား
သန့်ဇင်(NSS) - စက်တင်ဘာ ၃၀
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် အမျိုးသားတစ်ဦး ဖုန်းအားသွင်းထားသည့် အားသွင်းကြိုးအား ဖြုတ်ယူရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
ဓာတ်လိုက်သေဆုံးမှုသည် ယမန်နေ့ (စက်တင်ဘာလ ၂၉ ရက်)၊ ညနေ ၅နာရီခွဲအချိန်တွင် သာကေတမြို့နယ်၊ ၁၀/တောင် ၁၄ ရပ်ကွက်၊ သလ္လာဝတီ(၆)လမ်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အားသွင်းကြိုးကပေါက်နေတာပါ။ အဲဒီအချိန်မှာ ဖုန်းအားသွင်းကြိုးကိုဖြုတ်တာမှာ ဓာတ်လိုက်သေတာပေါ့။ အောက်ကကွန်ကရစ်ကလည်း ရေစိုနေတော့ အဲဒီလိုဖြစ်ပွားတာပေါ့”ဟု သာကေတမြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဓာတ်လိုက်သေဆုံးသူအမျိုးသားသည် အသက်(၂၇)နှစ်ဝန်းကျင်ဖြစ်ပြီး ထမင်းစားနေစဉ် ပေါက်ပြဲနေသည့် အားသွင်းကြိုး နှင့် ဖုန်းအားဖြုတ်ယူရာမှ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက်သေဆုံးသူအမျိုးသားအား အောင်နိုင်သူလူမှုကူညီရေးအသင်းမှ မြောက်ဥက္ကလာပမြို့နယ် စံပြဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MAI က ဘန်ကောက်သို့ Cargo Flight ယနေ့စတင်ပြေးဆွဲ၊ တရုတ်ကိုပါ နေ့စဉ်ပြေးဆွဲရန်စီစဉ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း