(၅၀)ကျပ်နှင့် (၁၀၀)ကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည်ဟူသော ကြေညာချက်မှာအတုသာဖြစ်ပြီး အခြေခံဥပဒေအရ ဖျက်ခွင့်မရှိကြောင်း ဗဟိုဘဏ်ဖြေရှင်း
မျိုးကြီး (NSS) - စက်တင်ဘာ ၃၀
(၅၀)ကျပ်တန်နှင့် (၁၀၀)ကျပ်တန်ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည်ဟူသော ကြေညာချက်မှာ အတုသာဖြစ်ပြီး အခြေခံဥပဒေအရ ဖျက်သိမ်းခွင့်မရှိကြောင်း ဗဟိုဘဏ်က ဖြေရှင်းထားသည်။
ယနေ့(စက်တင်ဘာလ ၃၀ ရက်) နံနက်ပိုင်းတွင် (၅၀)ကျပ်တန်နှင့် (၁၀၀)ကျပ်တန်ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်သည်ဟူသော အမိန့်ကြော်ငြာစာ (၂)စောင် လူမှုကွန်ယက်စာမျက်နှာများ၌ ပျံ့နှံ့နေလျက်ရှိသည်။
ယင်းကဲ့သို့ လူမှုကွန်ယက်စာမျက်များ၌ ပျံ့နှံ့နေသည့် အမိန့်ကြော်ငြာစာနှင့်ပတ်သက်၍ NSS သတင်းဌာနအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌရုံးမှ အမြဲတမ်းအတွင်းဝန်ဦးအောင်အောင်ထံသို့ ဆက်သွယ်မေးမြန်းခဲ့သည်။
ထိုသို့ဆက်သွယ်မေးမြန်းရာတွင် အမြဲတမ်းအတွင်းဝန်ဦးအောင်အောင်က “အတုပါဗျာ။ ဘယ်လိုလုပ်သွားဖျက်လို့ ရမှာလဲ။ အခြေခံဥပဒေအရ ဖျက်ခွင့်မှမရှိတာ” ဟု ဖြေရှင်းထားသည်။
အဆိုပါ အမိန့်ကြော်ငြာစာနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကလည်း အထက်ပါထုတ်ပြန်ချက် အမိန့်ကြော်ငြာစာများသည် သတင်းတု သတင်းအမှားများသာဖြစ်ကြောင်း ဖြေရှင်းထားသည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၌ တရားဝင်သုံးစွဲနေသည့် ငွေစက္ကူများနှင့်ပတ်သက်၍ ဖျက်သိမ်းသည်ဆိုသော အမိန့်ကြော်ငြာစာအတုများ မကြာခဏဆိုသကဲ့သို့ ထွက်ပေါ်လျက်ရှိသည်။
ပြီးခဲ့သော ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ဗဟိုဘဏ်မှ ထုတ်ဝေးထားသည့် (၅၀၀၀)ကျပ်တန်နှင့် (၁၀၀၀၀) ကျပ်တန်ငွေစက္ကူများကို ဖျက်သိမ်းသည်ဆိုသော အမိန့်ကြော်ငြာစာအတုများ ထွက်ပေါ်ခဲ့ဖူးသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆ (င)တွင် နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုင်း နှင့် ပြည်နယ်ဆေးရုံကြီးများ၌ နှလုံးအထူးကြပ်မတ်ကုသဆောင်များ ဖွင့်လှစ်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း