အောက်တိုဘာ(၁)ရက်မှစ၍ ရွှေတိဂုံစေတီတော်အား လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားများ ဝင်ကြေးကို ပြောင်းလဲကောက်ခံမည်
Pearl (NSS) - စက်တင်ဘာ ၂၉
ရွှေတိဂုံစေတီတော်အား လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားများ၏ ဝင်ကြေးကို (၂) သောင်းကျပ် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ဂေါပကအဖွဲ့က ယနေ့ (စက်တင်ဘာ ၂၉)ရက် ညနေပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
လာမည့် အောက်တိုဘာ (၁)ရက်မှ စတင်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ တတ်ရောက်သည့် နိုင်ငံခြားသား ဧည့်သည်တစ်ဦးလျှင် ဧည့်ဝင်ကြေး (၂ဝဝဝဝ)ကျပ် ပြောင်းလဲကောက်ခံမည်ဖြစ်ပြီး သံရုံးများရှိ နိုင်ငံခြားသားများ အတွက် ဧည့်ဝင်ကြေးကို (၁ဝဝဝဝ) ကျပ်ကောက်ခံမည်ကြောင်း သိရသည်။
"နိုင်ငံခြားသားတွေကိုပဲ တိုးမြှင့်တာ။ ခေတ်ကာလနှင့်အညီ ရွှေတိဂုံဂေါပကအဖွဲ့က တင်ပြလာတဲ့အတွက်ပါ။ ယခင်ကာလက ကျွန်တော်တို့ သူတို့ကို ၁ဝဝဝဝ ကျပ်နှုန်းနဲ့ပဲ ကောက်ပါတယ်။ အခုကတော့ (၂ဝဝဝဝ) ကျပ် ပြောင်းပြီး ကောက်သွားမှာပါ။ သံရုံးက နိုင်ငံခြားသားတွေကိုတော့ ၁ဝဝဝဝ ကျပ်ပဲ ကောက်မှာပါ" ဟု သာသနာရေးဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ယခင်က ရွှေတိဂုံစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြှော်သည့် နိုင်ငံခြားသားတစ်ဦးလျှင် ဧည့်ဝင်ကြေးအဖြစ် ၁ဝဝဝဝ ကျပ် ကောက်ခံခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ခရီးသွားလုပ်ငန်းက မကြာမီကာလမှာ ကိုဗစ်မတိုင်မီအခြေအနေသို့ ပြန်ရောက်နိုင်ဟုဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း