အောက်တိုဘာလတွင် ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ မိုးရွာသွန်းမှုပိုနိုင်ကြောင်း မိုးဇလအသိပေး
ယွန်း (NSS) - စက်တင်ဘာ ၂၈
လာမည့် အောက်တိုဘာလတွင် လေဖိအားနည်းရပ်ဝန်း(၃)ကြိမ်ဖြစ်ပေါ်နိုင်ပြီး ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ မိုးရွာသွန်းမှုပိုနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(စက်တင်ဘာလ ၂၈ ရက်)တွင် ထုတ်ပြန်သည့် အောက်တိုဘာလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း(၃)ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာလ(၃)ရက်မှ (၈)ရက်အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်း ပေါ်ဒေသများမှဆုတ်ခွာနိုင်ပြီး အောက်တိုဘာလ(၉)ရက်မှ (၁၄)ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာသွားနိုင်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။
အဆိုပါကာလအတွင်း မိုးရွာသွန်းမှုအခြေအနေသည် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကယား၊ ကရင်နှင့် မွန်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်း၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်တို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းချက်အရ သိရသည်။
ထိုသို့ရွာသွန်းရာတွင် ပဲခူး(အရှေ့ပိုင်း)၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင် နှင့် မွန်တို့တွင် (၁၅)ရက်မှ (၂၀)ရက်ခန့် နှင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး (အနောက်ပိုင်း)၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် ကယားတွင် (၉)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြင်းခြံမြို့နယ်၌ အမျိုးသားတစ်ဦးအား ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း