မြင်းခြံမြို့နယ်၌ အမျိုးသားတစ်ဦးအား ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား
Pearl (NSS) - စက်တင်ဘာ ၂၈
မြင်းခြံမြို့နယ်၌ အကြမ်းဖက်သမားများက အမျိုးသားတစ်ဦးအား ဒလန်ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂၇ ရက်)၊ နံနက် ၈ နာရီ အချိန်ခန့်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောပုကျေးရွာ နှင့် တလုပ်မြို့ကျေးရွာကြားတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့နယ်၊ သိမ်တိုင်ကျေးရွာတွင် နေထိုင်သော ဦးကျော်သက်ဦး (၅၁)နှစ်သည် တစ်ရွာတည်းနေသူများဖြစ်သည့် ဒေါ်အေးခိုင်၊ ဒေါ်ယုမွန်၊ ဒေါ်အေးအေးနု၊ ဒေါ်နန္ဒာအောင်၊ ဒေါ်စန္ဒာဝင်းတို့ (၅)ဦးအား မြင်းခြံမြို့ပေါ်သို့ ဈေးသွားဝယ်ရန်အတွက် ၎င်းမောင်းနှင်သည့် သုံးဘီးယာဉ်ဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပို့ဆောင်စဉ် အခင်းဖြစ်နေရာအရောက်၌ ၎င်းတို့၏ အနောက်မှ ဆိုင်ကယ် ၂ စီးဖြင့် လိုက်ပါလာသည့် အကြမ်းဖက်သမား ၄ ဦး(စိစစ်ဆဲ)က သုံးဘီးယာဉ်အား ရပ်တန့်ခိုင်းကာ ဦးကျော်သက်ဦးအား “ဒလန်”ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်ကာ တလုပ်မြို့ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးကျော်သက်ဦးတွင် လည်ပင်းမှ ယာချိုစောင်းသို့ ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန် နှင့် ဆီးရီးယားရှိ ဒရုန်းထုတ်လုပ်သည့်စက်ရုံများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ရန် အနောက်အုပ်စုနိုင်ငံများကို ယူကရိန်းအစိုးရ တိုက်တွန်းတောင်းဆို
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း