အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်မှုနှင့် လူမိုက်ဆိုသူတစ်ဦး ပစ်သတ်ခံရမှု ရန်ကုန်မြို့၌ ဖြစ်ပွား
NP News - ဖေဖော်ဝါရီ ၂ဝ
အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်မှုနှင့် လူမိုက်ဆိုသူတစ်ဦး ပစ်သတ်ခံရမှု ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်၊ ကံကော်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဖေဖော်ဝါရီလ ၁၉ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမျိုးသား(၃)ဦးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်လာကာ ရာအိမ်မှူးများကို သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားနေရာရှိသတင်းအရင်းမြစ်က NP News ကိုပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးတစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်းသိရပြီး နောက်ထပ် ရာအိမ်မှူး(၃)ဦးနှင့် တက္ကစီသမားတစ်ဦးတို့သည်လည်း ပြင်းထန်သည့် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
လက်ရှိတွင် ပစ်ခတ်ခံရမှုဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့သူများကို ဆေးရုံသို့ ပို့ဆောင်ကာ ကုသပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၉ ရက်၊ ညနေ ၃ နာရီကျော်အချိန်ခန့်တွင်လည်း ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁ဝ တောင်ရပ်ကွက်၊ နွယ်နီလမ်း၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သာကေတလူမိုက်ဟု ခေါ်ဆိုလေ့ရှိသော ဦးနေမျိုးအောင်အား ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိသတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးနေမျိုးအောင်မှာ ဦးခေါင်း၌ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ်အချိန် လမ်းခရီးတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
zawgyi version
အုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္း ဝင္ေရာက္ကာ ေသနတ္ျဖင့္ ပစ္ခတ္မႈႏွင့္ လူမိုက္ဆိုသူတစ္ဦး ပစ္သတ္ခံရမႈ ရန္ကုန္ၿမိဳ႕၌ ျဖစ္ပြား
NP News - ေဖေဖာ္ဝါရီ ၂ဝ
အုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္း ဝင္ေရာက္လာကာ ေသနတ္ျဖင့္ ပစ္ခတ္မႈႏွင့္ လူမိုက္ဆိုသူတစ္ဦး ပစ္သတ္ခံရမႈ ရန္ကုန္ၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ အမွတ္(၉၄)ရပ္ကြက္၊ ကံေကာ္လမ္းရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ ေဖေဖာ္ဝါရီလ ၁၉ ရက္၊ ညေန ၄ နာရီအခ်ိန္ခန႔္တြင္ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အမ်ိဳးသား(၃)ဦးမွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္း ဝင္ေရာက္လာကာ ရာအိမ္မႉးမ်ားကို ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားေနရာရွိသတင္းအရင္းျမစ္က NP News ကိုေျပာသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ရာအိမ္မႉးတစ္ဦးမွာ ေနရာတြင္ပင္ ေသဆုံးခဲ့ေၾကာင္းသိရၿပီး ေနာက္ထပ္ ရာအိမ္မႉး(၃)ဦးႏွင့္ တကၠစီသမားတစ္ဦးတို႔သည္လည္း ျပင္းထန္သည့္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။
လက္ရွိတြင္ ပစ္ခတ္ခံရမႈျဖစ္စဥ္အတြင္း ဒဏ္ရာရရွိခဲ့သူမ်ားကို ေဆး႐ုံသို႔ ပို႔ေဆာင္ကာ ကုသေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ေဖေဖာ္ဝါရီလ ၁၉ ရက္၊ ညေန ၃ နာရီေက်ာ္အခ်ိန္ခန႔္တြင္လည္း ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္၊ ၁ဝ ေတာင္ရပ္ကြက္၊ ႏြယ္နီလမ္း၌ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
သာေကတလူမိုက္ဟု ေခၚဆိုေလ့ရွိေသာ ဦးေနမ်ိဳးေအာင္အား ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားႏွစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိသတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးေနမ်ိဳးေအာင္မွာ ဦးေခါင္း၌ က်ည္ေဖာက္ဝင္ဒဏ္ရာရရွိခဲ့ၿပီး ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္အခ်ိန္ လမ္းခရီးတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံအနေနဲ့ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ရန် ပြင်ဆင်ထားသင့်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်၏ညီမဖြစ်သူ သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း