ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရန် နစကဥက္ကဋ္ဌဆို
ယွန်း(NSS) - စက်တင်ဘာ ၂၈
ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် တည်ငြိမ်အေးချမ်းရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ(၂၇)ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ လူထုလူတန်းစား အသီးသီးထံသို့ ဝင်ငွေများတိုက်ရိုက်နှင့် သွယ်ဝိုက်သောနည်းလမ်းများနှင့် စီးဝင်စေခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိစေနိုင်သည့် မီးခိုးမထွက်သည့် စက်ရုံ (Smokeless Industry) တစ်ခုဖြစ်သည်။
ထို့ကြောင့် ခရီးသွားလုပ်ငန်းကို စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများတွင် အရေးပါသည့်လုပ်ငန်းအဖြစ် အလေးထားဆောင်ရွက်နေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ပြည်တွင်း၊ ပြည်ပခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်နေကြသည်ကိုတွေ့ရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
တည်ငြိမ်အေးချမ်းမှုရှိခြင်းသည် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်သွား ရန် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ်မှစတင်ပြီး ကမ္ဘာတစ်ဝန်းပျံ့နှံ့ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုများကြောင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ နှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ထိခိုက်ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ခရီးသွားလုပ်ငန်းကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမှုတွင် ဦးဆောင်နေရာမှရပ်တည်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
၂၀၁၉ ခုနှစ်တွင် ကမ္ဘာပေါ်တွင်ရှိသည့် လုပ်သားဦးရေ (၁၀)ဦးလျှင် တစ်ဦးသည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်နေသူများဖြစ်ပြီး အမျိုးသမီးနှင့်လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု အခွင့်အလမ်းလည်းများစွာမြင့်မားကြောင်း ၎င်းက ဆက်လက်ပြောထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေကျပ် (၈)ဘီလျံကျော် တန်းဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ရမည်းသင်းမြို့နယ်၌ ဖမ်းဆီးရမိ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း