ယူကရိန်းဖက်က သေဆုံးသွားပြီဟု ကြေညာခဲ့သော ရုရှားရေတပ်ဗိုလ်ချုပ် အွန်လိုင်းအစည်းအဝေးကို တက်ရောက်လာခဲ့
Pika (NSS) - စက်တင်ဘာ ၂၇
ယူကရိန်းတပ်ဖွဲ့ဝင်များက သေဆုံးသွားပြီဟု ထုတ်ပြန်ကြေညာထားသည့် ရုရှားရေတပ်ဗိုလ်ချုပ်ကြီး ဗစ်တောဆို ကိုလော့ဗ်သည် စက်တင်ဘာလ(၂၆)ရက်က ပြုလုပ်သော ထိပ်တန်းအရာရှိများအွန်လိုင်းအစည်းအဝေးတွင် ပါဝင်ခဲ့သည်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဓါတ်ပုံများတွင် တွေ့မြင်ခဲ့ရသည်။
ရုရှားပင်လယ်နက်ရေတပ်သင်္ဘောအုပ်စုအကြီးအကဲ ဗိုလ်ချုပ်ဗစ်တောဆိုကိုလော့ဗ်ကို သတ်ဖြတ်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ ယူကရိန်းတပ်ဖွဲ့များသည် ခရိုင်းမီးယားကျွန်းဆွယ်ဒေသရှိ ရုရှားရေတပ်သင်္ဘောအုပ်စုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းဖက်က ယခုကဲ့သို့ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယူကရိန်းစစ်တပ်က "ပြီးခဲ့တဲ့သီတင်းပတ်က Sevastopol ဆိပ်ကမ်းမြို့မှာရှိတဲ့ ရုရှား ရေတပ်သင်္ဘောအုပ်စု ဌာနချုပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ရေတပ်သင်္ဘောအုပ်စုအကြီးအကဲ အပါအဝင် ရုရှားရေတပ်တပ်ဖွဲ့ဝင်(၃၄)ဦး သေဆုံးခဲ့ပါတယ်" ဟု ထုတ်ပြန်ကြေညာခဲ့သည်။
စက်တင်ဘာလ(၂၆)ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူသည် အကြီးတန်းစစ်ဘက်အရာရှိများ ပါဝင် သည့်အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ကြောင်းလည်း သိရသည်။ အဆိုပါအစည်းအဝေးပွဲအတွင်း ကာကွယ်ရေး ဝန်ကြီးဆာဂေးရှိုဂူ၏ နောက်ဘက်ရှိ ဖန်သားပြင်ပေါ်တွင် ‘ChP’ ဆိုသည့် စာတန်းအတိုကောက်ဖြင့် ရုရှားရေတပ် ဗိုလ်ချုပ်ကြီး ဗစ်တောဆိုကိုလော့ဗ်၏မျက်နှာကို တွေ့မြင်ခဲ့ရကြောင်း သိရသည်။
ရုရှားရေတပ်ဗိုလ်ချုပ်ကြီး ဗစ်တောဆိုကိုလော့ဗ်သည် အခြားရေတပ်ဦးစီးမှူးများကဲ့သို့ပင် အစည်းအဝေးကို ပါဝင် တက်ရောက်ခဲ့သည်ဟု ယူဆရကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအဖွဲ့က ဒုတိယကမ္ဘာစစ်ထက် ပိုမိုဆိုးဝါးသည့်ပဋိပက္ခများကို ဖန်တီးနေကြောင်း ရုရှားသမ္မတဟောင်း သတိပေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း