နေတိုးအဖွဲ့က ဒုတိယကမ္ဘာစစ်ထက် ပိုမိုဆိုးဝါးသည့်ပဋိပက္ခများကို ဖန်တီးနေကြောင်း ရုရှားသမ္မတဟောင်း သတိပေး
Pika (NSS) - စက်တင်ဘာ ၂၇
အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းသို့ ကြီးမားသောစစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးကာ နာဇီဝါဒကို ကျင့်သုံးနေခြင်းဖြင့် ကမ္ဘာကြီးကို ဒုတိယကမ္ဘာစစ်နောက်ပိုင်းကတည်းက မမြင်ခဲ့ဖူးသော ကမ္ဘာလုံးဆိုင်ရာပဋိပက္ခ နှင့် ပိုမိုနီးကပ်အောင် လုပ်ဆောင်နေကြောင်း ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်က သတိပေးပြောဆိုခဲ့သည်။
ယူကရိန်းသို့ အမေရိကန်ထုတ် M1 Abrams တင့်ကားများ ရောက်ရှိလာပြီးနောက် ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ဒီမစ်ထရီမက်ဗီဒက် က "ရုရှားဟာ နေတိုးအဖွဲ့နဲ့ တိုက်ရိုက်ပဋိပက္ခဖြစ်ပွားရုံကလွဲပြီး အခြားရွေးချယ်စရာ အနည်းငယ်ပဲရှိပုံပေါ်ပါတယ်။ ပြီးတော့ အမေရိကန်ဟာ ယူကရိန်းကို တာဝေးပစ်ဒုံးကျည် (ATACMS) တွေ ထောက်ပံ့ပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ နေတိုးအဖွဲ့ဟာ ဟစ်တလာရဲ့နာဇီအဖွဲ့နဲ့တူပြီး ပိုကြီးတဲ့ဖက်ဆစ် အဖွဲ့အဖြစ် ပြောင်းလဲသွားပါပြီ။ လိုအပ်လာမယ်ဆိုရင်တော့ ရုရှားက နေတိုးအဖွဲ့ကို ရင်ဆိုင်ဖို့ အဆင်သင့်ပြင်ထား ပါတယ်။ ရလဒ်အနေနဲ့ကတော့ လူသားမျိုးနွယ်အတွက် ၁၉၄၅ ခုနှစ်ထက် ပိုမိုကြီးမားတဲ့ဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်" ဟု ပြောခဲ့သည်။
ထို့အပြင် ဒီမစ်ထရီမက်ဗီဒက်က ယူကရိန်း၏ ကျောထောက်နောက်ခံနိုင်ငံများသည် နာဇီလိုလားသော ညွန့်ပေါင်း အဖွဲ့များဖြစ်ကြောင်း ပြစ်တင်ဝေဖန်ပြောဆိုခဲ့သလို ရုရှား နှင့် နေတိုးအဖွဲ့အကြား တိုက်ရိုက်ပဋိပက္ခများ ဖြစ်ပွား လာနိုင်သည့် အလားအလာများကိုလည်း အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သည်။
ယူကရိန်းသို့ အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းသည် ပဋိပက္ခအတွင်း နေတိုး အဖွဲ့ဝင်နိုင်ငံများ ပိုမိုပါဝင်ပတ်သက်နေခြင်းကို ပြသနေခြင်းဖြစ်ပြီး ရုရှားနှင့်အမေရိကန်ဦးဆောာင်သည့် နေတိုး အဖွဲ့ကြား တိုက်ရိုက်စစ်ပွဲဖြစ်ပွားလာနိုင်ကြောင်း ရုရှားအစိုးရက သတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Nagorno-Karabakh ဒေသရှိ လောင်စာဆီသိုလှောင်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူဦးရေ (၁၂၅)ဦးထိ ရှိလာ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ