Nagorno-Karabakh ဒေသရှိ လောင်စာဆီသိုလှောင်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူဦးရေ (၁၂၅)ဦးထိ ရှိလာ
Pika (NSS) - စက်တင်ဘာ ၂၇
အဇာဘိုင်ဂျန်အစိုးရက စစ်ဆင်ရေးများလုပ်ဆောင်ခဲ့သော အာမေးနီးယားလူမျိုးအများဆုံးနေထိုင်သည့် Nagorno-Karabakh ဒေသတွင် စက်တင်ဘာလ(၂၅)ရက်က လောင်စာဆီသိုလှောင်ရုံတစ်ခု ပေါက်ကွဲခဲ့ပြီးနောက် သေဆုံးသူ ဦးရေမှာ(၁၂၅)ဦးထိ ရှိလာပြီဖြစ်ကြောင်း အာမေးနီးယားမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အဇာဘိုင်ဂျန်အစိုးရ၏ စစ်ဆင်ရေးများကြောင့် အာမေးနီးယားလူသောင်းချီသည် Nagorno-Karabakh ဒေသကို စွန့်ခွာထွက်ပြေးနေစဉ် အဆိုပါပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် သေဆုံးသွားသော လူ(၁၂၅)ဦး၏ ရုပ်အလောင်းကို အာမေးနီးယားနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်ကို ကိုးကားပြီး Pan Armenian သတင်းဌာနက ဖော်ပြခဲ့သည်။ စက်တင်ဘာလ(၂၅)ရက်က Stepanakert မြို့အနီးရှိ အဝေးပြေးလမ်းမပေါ်တွင်ရှိသော ဆီဆိုင်တွင် ဆီဖြည့်ရန် အတွက် လူအုပ်ကြီးက စောင့်ဆိုင်းနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အွန်လိုင်းပေါ်တွင်တင်ထားသော ဗီဒီယိုဖိုင်တစ်ခုတွင် အပျက်အစီးများနှင့် ကြီးမားသောအနက်ရောင် မီးခိုးလုံးကြီး များ ထွက်နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ Nagorno-Karabakh ဒေသခွဲထွက်ရေးခေါင်းဆောင်များသည် အဇာဘိုင်ဂျန်စစ်တပ်ထံ လက်နက်ချအညံ့ခံပြီးနောက် အဆိုပါပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်ချမှုစည်းမျဉ်းများအရ Nagorno-Karabakh ဒေသသည် အဇာဘိုင်ဂျန်အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ နှစ်သုံးဆယ်နီးပါးကြာ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။ အပစ်အခတ်ရပ်စဲပြီးနောက် အဇာဘိုင်ဂျန်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများရှိလာမည်ကို ကြောက်ရွံ့သော အာမေးနီးယားလူမျိုးသောင်းချီသည် အဆိုပါဒေသတွင်းမှ ထွက်ပြေးခဲ့ကြကြောင်းလည်း သိရသည်။ စက်တင်ဘာ (၂၆)ရက် ညနေပိုင်းအထိ အာမေးနီးယားနိုင်ငံအတွင်းသို့ Nagorno-Karabakh ဒေသတွင်နေထိုင်သော အာမေးနီးယားလူမျိုး(၂၈၁၂ဝ)ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယူးကာဆယ်နှင့်ပွဲအပြီးတွင် လေယာဉ်ဖြင့်မပြန်ဘဲ ကားဖြင့် ပြန်ရမည့်အပေါ် မန်စီးတီးနည်းပြ စိတ်ပျက်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း