ကိုရီးယားကျွန်းဆွယ်ဟာ နျူကလီးယားစစ်ပွဲဖြစ်ပွားလာနိုင်သည့်အန္တရာယ်များနှင့်ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂကို မြောက်ကိုရီးယားအစိုးရ သတိပေးပြောဆို
Pika (NSS) - စက်တင်ဘာ ၂၇
ကိုရီးယားကျွန်းဆွယ်သည် နျူကလီးယားစစ်ပွဲဖြစ်ပွားနိုင်သည့် အန္တရာယ်များနှင့် ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂကို မြောက်ကိုရီးယားအစိုးရက စက်တင်ဘာလ(၂၆)ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း အမေရိကန်၏လုပ်ရပ်များသည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်ခြေနှင့် ပိုမိုနီးကပ်လာစေခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။ ထို့အပြင် သမိုင်းဝင် ပြိုင်ဖက် ဂျပန် အပါအဝင် အမေရိကန်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်ခဲ့သော တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်၏ လုပ်ရပ်များကို ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး Kim Song က ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။
Kim Song "ပြည်ပအင်အားစုတွေကို အားကိုးနေတဲ့တောင်ကိုရီးယားရဲ့မူဝါဒတွေကြောင့် ကိုရီးယားကျွန်းဆွယ်ဟာ နျူကလီးယားစစ်ပွဲဖြစ်ပွားလာနိုင်မယ့် အန္တရာယ်တွေနဲ့ကြုံတွေ့နေရပါတယ်" ဟု ပြောခဲ့သည်။
အမေရိကန်သည် ၎င်း၏ နျူကလီးယားစွမ်းရည်ကို တောင်ကိုရီးယားတပ်ဖွဲ့များနှင့် ပေါင်းစည်းနိုင်ရန် မျှော်လင့်ချက်အဖြစ် မကြာသေးမီက ဖွဲ့စည်းခဲ့သော နျူကလီးယားအတိုင်ပင်ခံအဖွဲ့ကို Kim Song က ထောက်ပြ ပြောဆိုခဲ့ကြောင်းလည်း သိရသည်။
အဆိုပါအဖွဲ့သည် မြောက်ကိုရီးယားအပေါ် နျူကလီးယားတိုက်ခိုက်မှုများ လုပ်ဆောင်ရန်နှင့် ယင်းအစီအစဉ်ကို အကောင်အထည်ဖော်ရန် ကတိပြုထားကြောင်း Kim Song က ဝေဖန်ခဲ့သည်။
၎င်းက "အမေရိကန်ဟာ ကိုရီးယားကျွန်းဆွယ်အနီးတစ်ဝိုက်ကို နျူကလီးယားရေငုပ်သင်္ဘောတွေ၊ နျူကလီးယား ဗုံးတွေ သယ်ဆောင်လာတဲ့ မဟာဗျူဟာမြောက်နျူကလီးယားဗုံးကြဲလေယာဉ်တွေ မကြာခဏစေလွှတ်ခြင်းဖြင့် နျူကလီးယားစစ်ပွဲဖြစ်ပွားလာအောင် လုပ်ဆောင်ချင်တဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နေပါတယ်" ဟု ဝေဖန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းဖက်က သေဆုံးသွားပြီဟု ကြေညာခဲ့သော ရုရှားရေတပ်ဗိုလ်ချုပ် အွန်လိုင်းအစည်းအဝေးကို တက်ရောက်လာခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း