အီရတ်နိုင်ငံမှာ ကျင်းပနေတဲ့ မင်္ဂလာဆောင်အခမ်းအနားအတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး သတို့သား၊ သတို့သမီး အပါအဝင် လူပေါင်း ၁ဝဝ ကျော် သေဆုံး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၇
အီရတ်နိုင်ငံ မြောက်ပိုင်း Nineveh ပြည်နယ်ရှိ မင်္ဂလာဆောင်အခမ်းအနားတစ်ခုမှာ စက်တင်ဘာ ၂၆ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ သတို့သား၊ သတို့သမီး အပါအဝင် လူပေါင်း ၁၁၃ ဦးကျော်သေဆုံးကာ ၁၅ဝ ဦး ဒဏ်ရာရ သွားခဲ့ကြောင်း သိရပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်တဲ့ Hassan al-Allaq က မီးလောင်မှုဟာ စက်တင်ဘာ ၂၆ ရက် ညပိုင်း ဒေသ စံတော်ချိန် ည ၁၁ နာရီထိုးခါနီးမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူအများစုဟာ မင်္ဂလာဆောင် အခမ်းအနားကိုလာရောက်တဲ့ ဧည့်သည်တွေဖြစ်ကြောင်း အီရတ်အာဏာပိုင်တွေက ပြောပါတယ်။
Al-Hamdaniyah မြို့မှာ ကျင်းပနေတဲ့ မင်္ဂလာဆောင်အခမ်းအနားကျင်းပရာ ခန်းမအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆောက်အဦးပြိုကျမှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူအများစုဟာ မီးလောင်မှုနဲ့အတူ ဖြစ်ပွားခဲ့တဲ့ အဆောက်အဦးပြိုကျမှုတွေကြောင့်ဖြစ်ကြောင်း အီရတ်အာဏာပိုင်တွေက ပြောပါတယ်။
ခန်းမအတွင်း မီးလောင်မှုဖြစ်ပွားချိန်မှာ ဧည့်သည်တွေဟာ အပြင်ကို အလျင်အမြန်ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေပမယ့် အချိန်မီပြေးလွတ်ခဲ့ခြင်းမရှိကြောင်း၊ မီးလောင်မှုပြင်းထန်တဲ့အတွက် မီးသတ်သမားတွေဟာ အချိန်ယူ ငြိမ်းသတ်ခဲ့ရကြောင်း အီရတ်သတင်းတွေမှာ ဖော်ပြထားပါတယ်။
အီရတ်မီးသတ်ဌာနတာဝန်ရှိသူတစ်ဦးက "မင်္ဂလာပွဲကျင်းပနေချိန်အတွင်း မီးကို အသုံးပြုခဲ့ရာကနေ လောင်ကျွမ်းမှု တွေ စတင်ဖြစ်ပွားခဲ့တာမျိုးဖြစ်ပါတယ်" လို့ ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားချိန်မှာ မင်္ဂလာဆောင်အခမ်းအနား အတွင်း ဧည့်ပရိသတ်ပေါင်း ၁ဝဝဝ ကျော်ရှိနေကြောင်း၊ အဆိုပါမင်္ဂလာဆောင်အခမ်းအနားကျင်းပတဲ့ခန်းမဟာ ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်ပြီး ဘေးကင်းလုံခြုံမှု ရာခိုင်နှုန်းပြည့်ရှိတဲ့အခြေအနေမျိုးမရှိကြောင်း၊ အယ်ဂျာဇီးယား သတင်းဌာန က ဆိုပါတယ်။
အဆိုပါအဖြစ်အပျက်ဟာ အီရတ်နိုင်ငံမှာ ကျင်းပတဲ့မင်္ဂလာဆောင်ပွဲသမိုင်းမှာ လူသေဆုံးမှုအများဆုံးဖြစ်စေခဲ့တဲ့ မင်္ဂလာပွဲတစ်ပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မှတ်ပုံမတင်သော ဖုန်းဆင်းကတ်များကို အသုံးပြု၍ ရာဇဝတ်မှုများဖြစ်ပေါ်နေ၊ ကတ်များကို စနစ်တကျ ရောင်းချမှတ်ပုံတင်ခြင်းမရှိပါက ထောင်ဒဏ်၊ ငွေဒဏ်ဖြင့် အရေးယူမည်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း