ယာဉ်လိုင်းနံပါတ်တူဖြင့် ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း(၁၃)လိုင်းကို ယာဉ်လိုင်းနံပါတ်ပြောင်းလဲပြေးဆွဲသွားမည်
စော(NSS) - စက်တင်ဘာ ၂၆
ယာဉ်လိုင်းကုမ္ပဏီများမှ လမ်းကြောင်းတူသည့် ယာဉ်လိုင်းနံပါတ်တူများဖြင့် ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း (၁၃)လိုင်းကို အောက်တိုဘာလ(၁)ရက်မှစ၍ ယခင်လမ်းကြောင်းများအတိုင်း ယာဉ်လိုင်းနံပါတ်ပြောင်းလဲ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ ယနေ့( စက်တင်ဘာလ ၂၆ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။
YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ယာဉ်လိုင်းနံပါတ်တူပြီး ကုမ္ပဏီမတူညီသော YBS ယာဉ်လိုင်း(၁၃)လိုင်းအား ယာဉ်လိုင်းနံပါတ်(၁)ခုစီဖြင့် ခွဲခြားသတ်မှတ်ပြောင်းလဲပေးခြင်း ဖြစ်ကြောင်း သိရသည်။
“အဓိက ကတော့ ယာဉ်လိုင်းနံပါတ်တွေကို ဖျက်ပစ်လိုက်တာမဟုတ်ဘဲ ယာဉ်လိုင်းနံပါတ်တစ်ခုထဲကို ကုမ္ပဏီတွေက နှစ်ခုဖြစ်နေလို့ နံပါတ်ပြောင်းလဲပေးလိုက်တာပါ”ဟု YRTC တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးလျန်ကျင့်မန်က NSS ကိုပြောသည်။
ထိုသို့ ပြောင်းလဲသတ်မှတ်ပေးမှုကြောင့် ခရီးသွားပြည်သူများအတွက် ယာဉ်လိုင်းများ၏ ပျက်ကွက်မှု၊ စည်းကမ်းဖောက်ဖျက်မှုများနှင့်ပတ်သက်၍ တိကျစွာတိုင်တန်းနိုင်ပြီး YRTC မှ စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးကို ကုမ္ပဏီအလိုက် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“YRTC ကြီးကြပ်မှုအောက်မှာ YBS ကုမ္ပဏီ (၂၁)ခုရှိတယ်။ ယာဉ်လိုင်းပေါင်း (၁၃၀)ရှိတယ်။ အဓိက ကတော့ ခရီးသွားပြည်သူတွေ ယာဉ်လိုင်းတွေရဲ့ပျက်ကွက်မှု၊ စည်းကမ်းချိုးဖောက်မှုတွေကို တိတိကျကျတိုင်ကြားနိုင်ဖို့ပါ။ ယာဉ်လိုင်းနံပါတ်တစ်ခု စည်းကမ်းချိုးဖောက်လိုက်တာနဲ့ ဘယ်ကုမ္ပဏီလဲဆိုတာတန်းသိတယ်။ အရင်တုန်းကဆိုရင် ယာဉ်လိုင်းနံပါတ်သိပြီး ဘယ်ကုမ္ပဏီကလည်းမသိဘူး”ဟု ဦးလျန်ကျင့်မန်က ဆက်လက်ပြောသည်။
ထို့ပြင် ကုမ္ပဏီအလိုက် ယာဉ်လိုင်းနံပါတ် သီးသန့်ခွဲပေးလိုက်သည့်အတွက် အများပိုင်ကုမ္ပဏီအား စနစ်တကျကြီးကြပ်ကွပ်ကဲနိုင်ပြီး စည်ကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းများအား တိုင်ကြားခြင်းကို အခြားနံပါတ်တူယာဥ်လိုင်းများနှင့် ရောနှောမှုမရှိဘဲ တိကျစွာ ဖော်ထုတ်နိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆည် တည်ဆောက်ရေးနှင့်ပတ်သက်ပြီး အီသီယိုးပီးယား၊ အီဂျစ် နှင့် ဆူဒန်နိုင်ငံတို့ကြား သဘောထားကွဲလွဲမှုများ ဆက်လက်ဖြစ်ပေါ်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း