အင်းစိန်၌ Light Truck ကားနှင့် YBS တို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
စော(NSS) - စက်တင်ဘာ ၂၆
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီးတွင် Light Truck ယာဉ်နှင့် YBS တို့တိုက်မိခဲ့ရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂၆ရက်)၊ နံနက် (၈)နာရီခွဲဝန်းကျင်အချိန်တွင် အင်းစိန်မြို့နယ်၊ ကြိုကုန်းအရှေ့ရပ်ကွက်၊ BOC မှတ်တိုင်အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြိုနယ်မီးသတ်စခန်းထံမှ သိရသည်။
အဆိုပါ YBS 41 သည် အင်းစိန်လမ်းကြောင်းအတိုင်း မောင်းနှင်နေစဉ် Light Truck ယာဉ်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“YBS ၄၁ ယာဉ်လိုင်းနဲ့ Light Truck နဲ့ တိုက်မိတာပါ။ YBS က အင်းစိန်လမ်းအတိုင်း သွားနေတာပါ။ Light Truck ကကွေ့လိုက်တဲ့အချိန်မှာ တိုက်မိတာပါ။ Light Truck က ယာဉ် မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိပါတယ်။ ခရီးသည်တွေကတော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါဘူး”ဟု အင်းစိန်မြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းဖြစ်သူ အမျိုးသားသည် အသက်(၂၅)နှစ်ဝန်းကျင်ရှိပြီး စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း သိရသည်။
အဆိုပါ ထိခိုက်ရရှိသူအား အရိယမဂ္ဂင်လူမှုကူညီရေးအသင်းမှ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အွန်လိုင်းရှော့ပင်လုပ်ငန်းအားလုံး အောက်တိုဘာလ(၂)ရက်မှစတင်ကာ မှတ်ပုံတင်ရမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း