ထိုင်းက တရုတ်ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့် နဲ့ VIP ထားကာ ကြိုဆို
ရောင်နီ (NSS) - စက်တင်ဘာ ၂၆
ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ဘန်ကောက်မြို့ကို ဆိုက်ရောက်လာတဲ့ တရုတ်ခရီးသွား ဧည့်သည်တွေ ကို တနင်္လာနေ့ (စက်တင်ဘာ ၂၅ ရက်) မှစ ဗီဇာကင်းလွတ်ခွင့်နဲ့ VIP ထားကာ ကြိုဆိုမှု စတင်ပေးခဲ့ပါတယ်။
ရှန်ဟိုင်းမှ လေကြောင်းခရီးနဲ့ရောက်ရှိလာတဲ့ဧည့်သည်တွေအတွက် ထိုင်းရိုးရာဝတ်စုံတွေနဲ့ ရုပ်သေးအကတွေကို လည်း ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ နိုင်ငံရဲ့လှပတဲ့ကမ်းခြေတွေနဲ့ ရှုခင်းတွေကြောင့် နာမည်ကြီးတဲ့ အရှေ့တောင် အာရှရဲ့ဒုတိယအကြီးဆုံးစီးပွားရေးအတွက် ခရီးသွားလုပ်ငန်းဟာ အရေးပါတဲ့စီးပွားရေး မောင်းနှင်အား ဖြစ်ပါတယ်။
ဒါပေမယ့်လည်း တရုတ်နိုင်ငံရဲ့ကပ်ရောဂါလွန် စီးပွားရေးမပြေလည်မှုနဲ့အတူ ခရီးသွားတွေ နည်းပါးလာခြင်း ကြောင့် အခုစီမံလိုက်တဲ့ ဗီဇာကင်းလွတ်ခွင့်ဟာ ပြေလည်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ဟာ စက်တင်ဘာ ၂၅ ရက်မှ လာမည့်နှစ် ဖေဖော်ဝါရီလအထိဖြစ်ပါတယ်။ အစိုးရဟာ အဆိုပါ ၅ လတာ ကာလအတွင်း တရုတ်ခရီးသွား (၂ ဒသမ ၈၈) သန်းထိ ဝင်ရောက်ဖို့ မျှော်မှန်းထားပါတယ်။
ကိုဗစ်ကပ်ရောဂါမဖြစ်မီကလည်း ထိုင်းနိုင်ငံမှာ တရုတ်နိုင်ငံဟာ ခရီးသွားတွေ အများဆုံးလာရောက်တဲ့ ရင်းမြစ် ဖြစ်ပါတယ်။ ၂ဝ၁၉ ခုနှစ်က စံချိန်တင်ခရီးသွား ၃၉.၉ သန်းထိ ဝင်ရောက်ခဲ့ပြီး ထိုင်းဘတ်ငွေ ၁.၉၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၃.၁၁ ဘီလျံ) ထိ ရရှိခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အွန်လိုင်းရှော့ပင်လုပ်ငန်းများအားလုံး အောက်တိုဘာလ(၂)ရက်မှစတင်ကာ မှတ်ပုံတင်ရမည်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း