အမေရိကန်နိုင်ငံရှိ ကျူးဘားသံရုံး တိုက်ခိုက်ခံရခြင်းအပေါ် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး စိတ်ဆိုးဒေါသဖြစ်နေ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၅
အမေရိကန်အစိုးရဟာ ဝါရှင်တန်မြို့ရှိ ကျူးဘားသံရုံး တိုက်ခိုက်ခံရမှုအပေါ် အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်လျက်ရှိနေကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
အမေရိကန်နိုင်ငံရှိ ကျူးဘားသံရုံးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မီးလောင်ဗုံးနဲ့ ပစ်ပေါက်တိုက်ခိုက်ခံရကြောင်း၊ အဲဒီလုပ်ရပ်က ကျူးဘားသံရုံးအပေါ်ရန်လိုတဲ့အပြုအမူတွေဖြစ်ကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ် က ပြောပါတယ်။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက "စက်တင်ဘာ ၂၄ ရက်က လူတစ်ဦးဟာ သံရုံးကို မီးလောင်ဗုံးနှစ်လုံးနဲ့ ပစ်ပေါက် တိုက်ခိုက်ခဲ့ရတယ်။ အဲဒီလုပ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်။ သံရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာ မျိုးတော့ မရှိပါဘူး" လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ကျူးဘားဆန့်ကျင်ရေးအုပ်စုတွေ ရှိနေကြောင်း၊ အဆိုပါအုပ်စုများကို အရေးယူမှုမရှိဘဲ လွတ်ငြိမ်းခွင့်ပေးထားသလိုမျိုးဖြစ်နေကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ကျူးဘားနိုင်ငံရှိ အမေရိကန်သံရုံးဟာ မကြာခဏတိုက်ခိုက်ခံရလေ့ရှိနေပြီး ၂ဝ၂ဝ ပြည့်နှစ်တုန်းက သံရုံးတိုက်ခိုက်ခံရပြီးနောက် သံတမန်တွေကို ကျူးဘားအစိုးရက ပြန်လည်ခေါ်ယူခဲ့ဖူးကြောင်း သိရပါတယ်။
အဲဒီအချိန်တုန်းက စိတ်ရောဂါခံစားနေရတဲ့ ကျူးဘားမှာ မွေးဖွားသူတစ်ဦးဟာ အမေရိကန်နိုင်ငံရှိ ကျူးဘားသံရုံး ကို အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ၂ဝ၂၁ ခုနှစ်တုန်းကလည်း အမေရိကန်နိုင်ငံရှိ ကျူးဘားဟာ မီးလောင်ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခံရပြီး အမေရိကန်အစိုးရရဲ့ ကျူးဘားဆန့်ကျင်ရေး မူဝါဒတွေကြောင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက "အမေရိကန်အစိုးဟာ သူတို့နိုင်ငံအတွင်းမှာ ကျူးဘားဆန့်ကျင်ရေး ဖြစ်ပွားနေ တာတွေနဲ့ပတ်သက်ပြီး တာဝန်ယူရမယ်။ အမေရိကန်အစိုးရဟာ သူတို့နိုင်ငံအတွင်းမှာ ကျူးဘားဆန့်ကျင်ရေး၊ အကြမ်းဖက်မှုတွေကို ထိရောက်တဲ့အရေးယူမှုတွေ မလုပ်ဘူး" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၂၅ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက ထူးခြားသတင်းများအား တင်ဆက် ခြင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း