မီးနီဖြတ်မောင်းသည့် YBS ယာဉ်မောင်းများအား CCTV မှတ်တမ်းဖြင့် သက်သေခိုင်လုံစွာရယူပြီး အရေးယူမည်
ယွန်း (NP News) - ဖေဖော်ဝါရီ ၁၈
မီးနီဖြတ်မောင်းသည့် YBS ယာဉ်မောင်းအား CCTV မှတ်တမ်းများဖြင့် သက်သေခိုင်လုံစွာယူပြီး အရေးယူသွားမည်ဟု YRTC မှ ဆိုထားသည်။
YRTC မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆)ရက်တွင် YRTC ရုံးချုပ်သင်တန်းခန်းမတွင် ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။
YRTC ၏ အဓိကရည်မှန်းချက်ဖြစ်သော “ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်” ဖြစ်လာစေရန် အဓိကမောင်းနှင်အားမှာ ယာဉ်မောင်းများဖြစ်ကြောင်း ဦးချစ်ကိုကိုမှ ဆိုသည်။
သို့သော် လက်ရှိတွင် ယာဉ်မောင်းများသည့် လမ်းလယ်ခေါင်တွင် ခရီးသည်အတင်အချပြုလုပ်ခြင်း အပါအဝင် ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း နှင့် စပါယ်ယာ ယာဉ်အကူတင်ပြီး ခရီးသည်များအား အနိုင်ထက်စီးနင်းပြုလုပ်ခြင်းများကို စည်းကမ်းမဲ့စွာ ပြုမူလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များသာမက လမ်းပေါ်တွင် မောင်းနှင်သွားလာနေသော ပုဂ္ဂလိက ယာဉ်များကပါ YBS များအားသတိပြု၍ ရှောင်ရှားမောင်းနှင်နေရခြင်းများရှိနေကြောင်း ဒုဥက္ကဋ္ဌမှ ဆိုသည်။
ထို့ပြင် လမ်းပြောင်းပြန်မောင်းခြင်း၊ မီးနီဖြတ်မောင်းကြသဖြင့် တဖက်ယာဉ်ကြောမှ မီးစိမ်း၍ထွက်လာသော ယာဉ်များဖြင့် ယာဉ်တိုက်မှုများဖြစ်ပေါ်ရကြောင့် အသက်ဆုံးရှုံးရခြင်းများလည်း ရှိနေသည်။
သို့ဖြစ်၍ YRTC အနေဖြင့် မီးနီဖြတ်သန်းမောင်းနှင်ခြင်းအား နည်းပညာမြင့် CCTV မှတ်တမ်းများဖြင့် သက်သေခိုင်လုံစွာရယူပြီး ယာဉ်မောင်းအဖြစ်မှ ရာသက်ပန်ထုတ်ပယ်သည်အထိ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ဒုဥက္ကဋ္ဌမှ အသိပေးပြောဆိုထားသည်။
zawgyi version
မီးနီျဖတ္ေမာင္းသည့္ YBS ယာဥ္ေမာင္းမ်ားအား CCTV မွတ္တမ္းျဖင့္ သက္ေသခိုင္လုံစြာရယူၿပီး အေရးယူမည္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၈
မီးနီျဖတ္ေမာင္းသည့္ YBS ယာဥ္ေမာင္းအား CCTV မွတ္တမ္းမ်ားျဖင့္ သက္ေသခိုင္လုံစြာယူၿပီး အေရးယူသြားမည္ဟု YRTC မွ ဆိုထားသည္။
YRTC မွ ဒုတိယဥကၠ႒ ဦးခ်စ္ကိုကိုမွ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၁၆)ရက္တြင္ YRTC ႐ုံးခ်ဳပ္သင္တန္းခန္းမတြင္ က်င္းပခဲ့ေသာ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာခဲ့ျခင္းျဖစ္သည္။
YRTC ၏ အဓိကရည္မွန္းခ်က္ျဖစ္ေသာ “ေဘးကင္းလုံၿခဳံၿပီး ဝန္ေဆာင္မႈေကာင္းသည့္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးစနစ္” ျဖစ္လာေစရန္ အဓိကေမာင္းႏွင္အားမွာ ယာဥ္ေမာင္းမ်ားျဖစ္ေၾကာင္း ဦးခ်စ္ကိုကိုမွ ဆိုသည္။
သို႔ေသာ္ လက္ရွိတြင္ ယာဥ္ေမာင္းမ်ားသည့္ လမ္းလယ္ေခါင္တြင္ ခရီးသည္အတင္အခ်ျပဳလုပ္ျခင္း အပါအဝင္ ၿပိဳင္ေမာင္းျခင္း၊ လုေမာင္းျခင္း ႏွင့္ စပါယ္ယာ ယာဥ္အကူတင္ၿပီး ခရီးသည္မ်ားအား အႏိုင္ထက္စီးနင္းျပဳလုပ္ျခင္းမ်ားကို စည္းကမ္းမဲ့စြာ ျပဳမူလ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ ခရီးသည္မ်ားသာမက လမ္းေပၚတြင္ ေမာင္းႏွင္သြားလာေနေသာ ပုဂၢလိက ယာဥ္မ်ားကပါ YBS မ်ားအားသတိျပဳ၍ ေရွာင္ရွားေမာင္းႏွင္ေနရျခင္းမ်ားရွိေနေၾကာင္း ဒုဥကၠ႒မွ ဆိုသည္။
ထို႔ျပင္ လမ္းေျပာင္းျပန္ေမာင္းျခင္း၊ မီးနီျဖတ္ေမာင္းၾကသျဖင့္ တဖက္ယာဥ္ေၾကာမွ မီးစိမ္း၍ထြက္လာေသာ ယာဥ္မ်ားျဖင့္ ယာဥ္တိုက္မႈမ်ားျဖစ္ေပၚရေၾကာင့္ အသက္ဆုံးရႈံးရျခင္းမ်ားလည္း ရွိေနသည္။
သို႔ျဖစ္၍ YRTC အေနျဖင့္ မီးနီျဖတ္သန္းေမာင္းႏွင္ျခင္းအား နည္းပညာျမင့္ CCTV မွတ္တမ္းမ်ားျဖင့္ သက္ေသခိုင္လုံစြာရယူၿပီး ယာဥ္ေမာင္းအျဖစ္မွ ရာသက္ပန္ထုတ္ပယ္သည္အထိ ထိေရာက္စြာအေရးယူသြားမည္ျဖစ္ေၾကာင္း ဒုဥကၠ႒မွ အသိေပးေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံတွင် ပစ်ခတ်မှုများကြောင့် ယခုနှစ်အတွင်းသေဆုံးသူ (၅၅ဝဝ)ကျော်ရှိလာ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း