ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့၌ မနက်ဖြန် ယာယီဓာတ်အားပြတ်တောက်မည်
Pearl (NP News) - ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့၌ မနက်ဖြန် (ဖေဖော်ဝါရီလ ၁၉ ရက်)တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ ထုတ်ပြန်ထားသည်။
YESC က ယနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
230kV လှော်ကားပင်မဓာတ်အားခွဲရုံတွင် တည်ဆောက်ပြီးစီးသွားသော တိုးချဲ့ (230/33/11) kV, (150) MVA Bank-1 Tr; နှင့် Bank-2 Tr; တို့အား ဓာတ်အားပို့လွှတ်အသုံးပြုရန်အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း YESC မှဆိုသည်။
ထိုသို့ ဓာတ်အားပို့လွှတ်အသုံးပြုရန်အတွက် 33kV Main (1,2) တို့၏ Bus Crossing ကြိုးများနှင့် Bus (A နှင့် B) Dropper Connection တပ်ဆင်ခြင်းကို ဖေဖော်ဝါရီလ (၁၉)ရက်တွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်အထိ လုပ်ငန်းဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ထောက်ကြန့်မြို့နယ်၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးမြို့နယ် နှင့် မင်္ဂလာဒုံမြို့နယ်ရှိ နေရာအချို့တို့၌ ယာယီဓာတ် အားပြတ်တောက်မှုရှိမည်ဟု YESC မှဆိုသည်။
သို့သော် အရေးကြီးနေရာများတွင် ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း YESCမှ ဆက်လက်ထုတ်ပြန်ထားသည်။
zawgyi version
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများကို ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ် သတ်မှတ်ခဲ့ပြီး အခွန်ကင်းလွတ်ခွင့်လျှောက်နိုင်ဟု ကြေညာ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း