မူဆယ်မြို့တွင် ဓားပြအဖွဲ့အား ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးရာ(၂)ဦးသေဆုံး၍ (၂)ဦးအား အရှင်ဖမ်းဆီးရမိ
Pearl (NSS) - စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ဓားပြအဖွဲ့အား ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးရာ (၂)ဦးသေဆုံး၍ (၂)ဦးအား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၂၃ရက်) ၊ နံနက်(၆)နာရီအချိန်ခန့်တွင် မူဆယ်မြို့၊ မန့်ဝိန်ရပ်ကွက်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဓားပြအဖွဲ့ဝင်(၅)ဦးသည် အဆိုပါရပ်ကွက်မှ ကားတစ်စီးအား လုယက်လာစဉ် လှည့်ကင်းပတ်နေသော ရဲတပ်ဖွဲ့ဝင်ကားနှင့်တွေ့ဆုံကာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ရပ်ကွက်ထဲက ကားလုသွားတာ။ လှည့်ကင်းကားနဲ့တိုးတော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ (၂)ဦးအရှင်ဖမ်းမိတယ်။ (၂)ဦးအသေဖမ်းမိတယ်။ (၁)ဦးလွတ်သွားတယ်။ ကားပေါ်မှာလည်း သေနတ်(၂) လက်မိတယ်လို့ကြားတယ်"ဟု မြို့ခံတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဉ်တွင် ဓားပြအဖွဲ့ဝင်(၂)ဦးအား သေဆုံးလျက်ဖမ်းဆီးရမိခဲ့ပြီး (၂)ဦးအား အရှင်ဖမ်းဆီးရမိခဲ့ကာကျန်(၁)ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကားအတွင်းမှ သေနတ်(၂)လက်သိမ်းဆည်းရမိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးတွင် လက်မောင်း၌ ကျည်ရှပ်ထိဒဏ်ရာ အနည်းငယ်ရရှိသွားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကား ဈေးနှုန်းများပြန်လည်ကျဆင်းလာသော်လည်း အရောင်းအဝယ်အေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း