လားရှိုးမြို့၌ ဆောက်လုပ်ရေးလုပ်သား(၃)ဦး ဆားဗစ်ကန်အတွင်းပိတ်မိပြီး အောက်ဆီဂျင်ပြတ်၍သေဆုံး
Pearl (NSS) - စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်၊ လားရှိုးမြို့၌ ဆောက်လုပ်ရေးလုပ်သား(၃)ဦး ဆားဗစ်ကန်အတွင်းပိတ်မိပြီး အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးသွားခဲ့ကြောင်း ကမ်းလင့်လက်လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၂၁ ရက်)၊ နေ့လည် (၂)နာရီခွဲအချိန်ခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် (၈)၊ သီတာလမ်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းရှိ ဆောက်လုပ်ဆဲအဆောက်အဦး၏ ဆားဗစ်ကန်အတွင်း၌ ဆောက်လုပ်ရေးလုပ်သား(၃)ဦး ပိတ်မိနေခဲ့ပြီး အောက်ဆီဂျင်ပြတ်လပ်သွားခဲ့ကြောင်း သိရသည်။ "ခန့်မှန်း အသက် (၃၀) ဝန်းကျင် (၃)ဦး ဆုံးသွားပါတယ်။ ဆားဗစ်ကန်ထဲ ပိတ်မိပြီး အောက်ဆီဂျင်ပြတ်သွားတာပေါ့။ ကျင်းက ဘယ်လောက်မှ မနက်ဘူး၊ ၈ပေဝန်းကျင်လောက်ပဲ နက်တယ်" ဟု အထက်ပါလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် လုပ်သား(၃)ဦး အခင်းဖြစ်နေရာတွင် သေသုံးသွားခဲ့ပြီး ၎င်းတို့သည် အသက် (၃၀)နှစ်ဝန်းကျင်ခန့်ရှိသူများဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ လုပ်သား(၃)ဦးတို့တို့၏ ရုပ်အလောင်းများအား လားရှိုးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှတဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၂၁ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း