ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြင်းအား(၉)မဂ္ဂနီကျူ့အဆင့်ရှိ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ဖွယ်ရှိနေ
Pika (NSS) - စက်တင်ဘာ ၂၁
မကြာမီကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြင်းအား(၉)မဂ္ဂနီကျူ့အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်နိုင်ဖွယ်ရှိနေကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းပြောခဲ့သည်။
အဆိုပါ ငလျင်လှုပ်ခတ်နိုင်ချေနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် ၎င်းတို့က တိုက်တွန်းထားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sylhet မြို့မှ Chittagong မြို့အထိ တောင်ကုန်းဒေသများ တစ်လျှောက်တွင် အင်အားပြင်းငလျင်များ လှုပ်ခတ်နိုင်ချေရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၊ မီဇိုရမ်ပြည်နယ် နှင့် မြန်မာနိုင်ငံရှိ တောင်တန်းဒေသများတွင်လည်း ငလျင်လှုပ်ခတ်နိုင်ချေရှိကြောင်း ခန့်မှန်းပြောဆိုထားကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်ဒဏ်များကို ခံစားရဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုများ၊ ရေကြီးမှုများ၊ မိုးခေါင်ခြောက်သွေ့မှုများကဲ့သို့ သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး အသက်အိုးအိမ်စည်းစိမ်များ၊ သယံဇာတများ နှင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးလျက်ရှိကြောင်း သိရသည်။
ယခုနှစ် အစောပိုင်းတွင် တူရကီ နှင့် ဆီးရီးယားနိုင်ငံတို့တွင် ပြင်းအား(၇ ဒသမ ၈) မဂ္ဂနီကျူ့အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း(၅)သောင်းခန့် သေဆုံးခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Sierra Leone နိုင်ငံ၏ ရွေးကောက်ပွဲကို အမေရိကန်အစိုးရ ကြားဝင်စွက်ဖက်ပြီး ဒီမိုကရေစီကို ခြိမ်းခြောက်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း