Sierra Leone နိုင်ငံ၏ ရွေးကောက်ပွဲကို အမေရိကန်အစိုးရ ကြားဝင်စွက်ဖက်ပြီး ဒီမိုကရေစီကို ခြိမ်းခြောက်နေ
Pika (NSS) - စက်တင်ဘာ ၂၁
Sierra Leone နိုင်ငံ၏ ရွေးကောက်ပွဲများတွင် အမေရိကန်အစိုးရ ကြားဝင်စွက်ဖက်နေကြောင်း အဆိုပါစွက်ဖက်မှုများက Sierra Leone နိုင်ငံ၏ ဒီမိုကရေစီကို ခြိမ်းခြောက်နေကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာ ကမ်ပိန်းကို ဦးဆောင်သူ Abdul Fatorma က ပြောကြားခဲ့သည်။
၎င်းက "အဲဒီ စွပ်စွဲပြောဆိုချက်တွေသာ မှန်ကန်မယ်ဆိုရင် ဒါဟာ ဒီမိုကရေစီအတွက် အလွန်ဆိုးရွားတဲ့ ခြိမ်းခြောက်မှုတစ်ခုပါပဲ" ဟု ပြောခဲ့သည်။
အမေရိကန်သည် Sierra Leone နိုင်ငံ၏ ဇွန်လ(၂၄)ရက် ရွေးကောက်ပွဲရလဒ်များကိုဝင်ရောက်စွက်ဖက်နိုင်ရန်အတွက် Sierra Leone သမ္မတ Julius Maada Bio ကို ဖိအားပေးခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း သိရသည်။
Julius Maada Bio က "ရွေးကောက်ပွဲရလဒ်တွေကို ထုတ်ပြန်ကြေညာတဲ့အချိန်က ပြဿနာတွေ စတင်လာတဲ့အချိန်ပါပဲ။ Sierra Leone ရဲ့ရွေးကောက်ပွဲကော်မရှင်(ECSL) ဟာ တွက်ချက်မှုတွေ၊ ပေါင်းစပ်မှုတွေ နဲ့ အခြားလုပ်ငန်းစဉ်တွေအားလုံးကို လုပ်ဆောင်ပြီးပါပြီ။ ရွေးကောက်ပွဲရလဒ်တွေကို အမေရိကန် ဝင်ရောက်မစွက်ဖက်နိုင်ဖို့အတွက် လုပ်ဆောင်ကြဖို့ (ECSL) ကို တောင်းဆိုခဲ့ပါတယ်" ဟု ပြောခဲ့သည်။
အတိုက်အခံပါတီများနှင့် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများ၏ ဝေဖန်မှုများရှိနေသည့်ကြားက Julius Maada Bioသည် ဆန္ဒမဲ(၅၆ ဒသမ ၁၇) ရာခိုင်နှုန်းဖြင့် သမ္မတဒုတိယသက်တမ်းအတွက် ထပ်မံရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အာဖရိကနိုင်ငံများရှိ ရွေးကောက်ပွဲများကို အမေရိကန်က ဝင်ရောက်စွက်ဖက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များသည် ယခင်တည်းက ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲများတွင် အမေရိကန်က ပါဝင်ပတ်သက်နေသည်ဆိုသည့် တိုက်ရိုက်အထောက်အထားများမရှိသော်လည်း ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ နိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံပါတီသမ္မတလောင်း Nelson Chamisa သည် အမေရိကန်ကို လိုလားကြောင်း သက်သေပြခဲ့ပြီး ၎င်း၏ မဲဆွယ်စည်းရုံးမှုများသည် အမျိုးသားဒီမိုကရက်တစ်အင်စတီကျူ(NDI) ကဲ့သို့သော အမေရိကန်၏ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့အစည်းများနှင့် ဆက်စပ်မှုများရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂအထွေထွေညီလာခံတွင် အစ္စရေးသံတမန်အစည်းအဝေးခန်းအတွင်းမှ နှင်ထုတ်ခံရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ