ပုသိမ်ကြီးမြို့နယ်၌ မြစ်အတွင်းသို့ ရေဆင်းကူးရာမှ (၁၂)နှစ်အရွယ်ကလေးတစ်ဦး ရေနစ်သေဆုံး
သန့်ဇင်(NSS) - စက်တင်ဘာ ၂၁
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ မြစ်အတွင်းသို့ အုပ်စုဖွဲ့ရေဆင်းကူးရာမှ ဆယ်ကျော်သက်အရွယ်ကလေးတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂၀ရက်)၊ ညနေ ၄နာရီခွဲအချိန်တွင် ပုသိမ်ကြီးမြို့နယ် သရက်တပင်လှေဆိပ်အနီးတွင်ဖြစ်ပွားခဲ့ကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“မြစ်ရေကတက်ပြီး ပြန်ကျနေတဲ့အချိန်ပေါ့နော်။ အဲဒီအချိန်မှ ကလေးတွေက အုပ်စုဖွဲ့ပြီးရေလာကူးကြရင်းနဲ့ ရေနစ်ဆုံးတာ။ အဲဒီကလေးကလဲရေမကူးတတ်ဘူးဗျ”ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူအမျိုးသားသည် အသက်(၁၂)နှစ်အရွယ် နောင်အာကာဖြိုးဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်၊ မေဂသီရိရက်ကွက်၊ အကွက်(၁၃၉)တွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။
“နစ်တာက ကလေးက(၂)ယောက်နစ်တာပါ။ တစ်ယောက်က ဆယ်တော့ဘာမှမဖြစ်ဘူး။ အဲဒီကလေးတော့ အိမ်ပြန်ပို့ပေးလိုက်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် ရေနစ်သေဆုံးသူကလေးအား ပရဟိတမင်းခေါင်လူမှုကယ်ဆယ်ရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချင်းတွင်းမြစ်အတွင်းတိမ်းမှောက်ခဲ့သည့် ရေယာဥ်ပေါ်မှ အရပ်သား(၆)ဦး အပါအဝင် (၁၂)ဦးမျောပါပျောက်ဆုံးနေဟုဆို
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း