ချောက်မြို့နယ်စည်ပင်သာယာရေးရုံးအား အကြမ်းဖက်(၂)ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်
Pearl (NSS) - စက်တင်ဘာ ၁၉
ချောက်မြို့နယ်စည်ပင်သာယာရေးရုံးအား အကြမ်းဖက်(၂)ဦးက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၈ရက်)၊ နံနက် (၁၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ စည်ပင်သာယာရေးရုံး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အမျိုးသား (၂)ဦးသည် ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာကာ အဆိုပါချောက်မြို့နယ်စည်ပင်သာယာရေး ရုံးအား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၍ထွက်ပြေးသွားခဲ့ပြီး လက်ပစ်ဗုံးသည် ရုံးရှေ့ရှိသစ်ပင်အား ထိမှန်ခဲ့၍ ကားအောက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် ကားတာယာများပျက်စီးသွားခဲ့ပြီး ဝန်ထမ်းတစ်ဦးနှင့် အရပ်သားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါမြို့နယ်စည်ပင်ရုံးအား Chauk Guerrilla Force (C.G.F)က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ (စက်တင်ဘာလ ၁၈ ရက်)ရက်တွင် အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်တွင် အဆိုပါ C.G.F အဖွဲ့က ချောက်မြို့နယ်ရှိ မြို့နယ်စည်ပင်ရုံးနှင့် လျှပ်စစ်ရုံးတို့အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနောက်အုပ်စုနိုင်ငံများကို ယုံကြည်သလောက် ရုရှားကို ယုံကြည်ကြောင်း တူရကီသမ္မတ ထုတ်ဖော်ပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း