ထိုင်းနိုင်ငံတွင် လယ်သမားများကို အမှိုက်များမီးရှို့ခြင်းမလုပ်ရန် ထိုင်းအစိုးရ တောင်းဆို
Pika (NSS) - စက်တင်ဘာ ၁၉
ထိုင်းနိုင်ငံတွင် လေထုအရည်အသွေးကောင်းမွန်စေရန်အတွက် လယ်သမားများ၏ အမှိုက်မီးရှို့ခြင်းများအား တားမြစ်ပိတ်ပင်ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးအဖွဲ့အစည်းတစ်ခုမှ အကြီးအကဲက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုများကြောင့် လူသန်းချီဆေးကုသမှုများ လုပ်ဆောင်ရန် လိုအပ်ခဲ့ပြီးနောက် ၎င်းကယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အစောပိုင်းတွင် ထိုင်းနိုင်ငံ၏ လေထုအရည်အသွေးသည် အလွန်ဆိုးရွားခဲ့ပြီး ပြီးခဲ့သည့်ဧပြီလအတွင်း ဘန်ကောက်မြို့နှင့်ချင်းမိုင်မြို့တို့သည် လေထုအညစ်ညမ်းဆုံးမြို့များထဲတွင် ပါဝင်ခဲ့ကြောင်း သိရသည်။
လေထုညစ်ညမ်းမှုကိုဖြစ်စေသော အမှုန်အမွှားများပါဝင်မှုနှုန်း မြင့်တက်နေကော ဘေးကင်းမှုမရှိသော အခြေအနေမျိုးကိုရောက်ရှိနေသောကြောင့် လူများကိုနေအိမ်ထဲတွင်သာ နေထိုင်ကြရန် နှင့် နေအိမ်မှသာ အလုပ်လုပ်ကြရန် အာဏာပိုင်များက တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။
လေထုညစ်ညမ်းမှုကို ဆိုးရွားစွာဖြစ်စေသော အမှုန်အမွှားများပါဝင်နေမှု မြင့်တက်လာရခြင်း အဓိကအကြောင်းအရင်းမှာ လာမည့်သီးနှံရာသီအတွက် လယ်ယာမြေများ နှင့် အမှိုက်များကို မီးရှို့ခြင်းတို့ကြောင့်ဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ထို့အပြင် အဆိုပါမီးရှို့ခြင်းလုပ်ငန်းစဉ်များကို ရပ်တန့်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေးအဖွဲ့အကြီးအကဲက ထုတ်ဖော်ပြောဆိုခဲ့သည်။ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ Thai Feed Mill Association (TFMA) ၏ ဥက္ကဋ္ဌ Pornsil Patcharintanakul က "အစိုးရအနေနဲ့ နိုင်ငံတွင်းမှာ လယ်သမားတွေ အသုံးအများဆုံးနည်းလမ်းတစ်ခုဖြစ်တဲ့ လယ်ယာမြေတွေနဲ့ အမှိုက်တွေမီးရှို့တာကို တားမြစ်ပိတ်ပင်သင့်ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုများကို အလျင်အမြန်လုပ်ဆောင်ရန် ထိုင်းဝန်ကြီးချုပ်သစ်ဆာရက်တာသာဗီဆင်၏ အစိုးရအဖွဲ့ကို ၎င်းက တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
လေထုညစ်ညမ်းမှုနှင့်ဆက်စပ်သော ပြဿနာများကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် လူပေါင်း(၂)သန်းကျော် ဆေးဝါးကုသမှုများ ခံယူခဲ့ရကြောင်း ၎င်းကပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ်သစ်ဆာရက်တာသာဗီဆင်၏ အစိုးရအဖွဲ့သည် လေထုညစ်ညမ်းမှုပြဿနာကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း လုပ်ဆောင်မည့်ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချောက်မြို့နယ်စည်ပင်သာယာရေးရုံးအား အကြမ်းဖက်(၂)ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း