ရုရှားကြေးစားတပ်ဖွဲ့ Wagner ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဗြိတိန်အစိုးရတရားဝင်ထုတ်ပြန်ကြေညာ
Pika (NSS) - စက်တင်ဘာ ၁၆
ဗြိတိန်အစိုးရသည် စက်တင်ဘာလ(၁၅)ရက်တွင် ရုရှားကြေးစားတပ်ဖွဲ့ Wagner ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်ထုတ်ပြန်ကြေညာလိုက်ကြောင်းသိရသည်။
ဗြိတိန်ပြည်ထဲရေးရုံးက "Wagner ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ စက် တင်ဘာလ(၆)ရက်က ဗြိတိန်လွှတ်တော်မှာ အဆိုပြုတင်သွင်းခဲ့ပါတယ်။ လွှတ်တော်က ဆုံး ဖြတ်ချက်ချပြီးတဲ့နောက်မှာတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ယခုလို တရားဝင်ကြေညာလိုက်တာပါ"ဟု ထုတ်ပြန်ထားသည်။
ဗြိတိန်လွှတ်တော်၏ ဆုံးဖြတ်ချက်ကြောင့် ဗြိတိန်နိုင်ငံတွင် ရုရှားကြေးစားတပ်ဖွဲ့ Wagner ကို ထောက်ခံသူများအား ထောင်ဒဏ်(၁၄)နှစ် ချမှတ်နိုင်သလို ဒဏ်ငွေပေးဆောင်ခိုင်းခြင်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ဗြိတိန်ပြည်ထဲရေးအတွင်းဝန် Suella Braverman က "Wagner အဖွဲ့ဟာ နိုင်ငံရပ်ခြားမှာ ရုရှားသမ္မတပူတင်ရဲ့ စစ်လက်နက်ကိရိယာတစ်ခုလိုမျိုးလုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ Wagner အဖွဲ့ဟာ ရုရှားအစိုးရရဲ့ နိုင်ငံရေး ပန်းတိုင်တွေကို ဆက်လက်ထမ်းဆောင်ပေးနေတဲ့အဖွဲ့အစည်းတစ်ခုပါ။ Wagner အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ISIS အဖွဲ့၊ အယ်လ်ကိုင်းဒါးအဖွဲ့၊ Boko Haram အဖွဲ့တို့အပါအဝင်အခြား တရားမဝင်အဖွဲ့အစည်း(၇၈)ခု စာရင်းထဲမှာထည့်သွင်းထားပါတယ်။"ဟုပြောဆိုခဲ့သည်။
ရုရှားကြေးစားတပ်ဖွဲ့ Wagner သည် ယူကရိန်းကိုတိုက်ခိုက်ခဲ့သော ရုရှား၏စစ်ဆင်ရေးများတွင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ခဲ့သလို ဆီးရီးယားနိုင်ငံ နှင့် အာဖရိကရှိ နိုင်ငံအများအပြားတွင်လည်း တပ်ဖွဲ့ဝင်များ ထားရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှင်ထုတ်မှုကို လက်မခံသည့်အတွက် နိုင်ဂျာရှိ ပြင်သစ်သံရုံးကို လုံခြုံရေးအဖွဲ့ဝင်များဝိုင်းရံပိတ်ဆို့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း