တရုတ် အပါအဝင် အာဆီယံနိုင်ငံများနှင့် နည်းပညာ၊ သက်မွေးပညာကဏ္ဍဖွံ့ဖြိုးရေးအတွက် အကျိုးတူပူးပေါင်းမှုကိုမြှင့်တင်ရန် မြန်မာနိုင်ငံ ဆန္ဒရှိနေ
ယွန်း (NSS) - စက်တင်ဘာ ၁၆
မြန်မာနိင်ငံအနေဖြင့် တရုတ် အပါအဝင် အခြားသောအာဆီယံနိုင်ငံများနှင့် နည်းပညာ၊ သက်မွေးပညာကဏ္ဍဖွံ့ဖြိုးရေးအတွက် အကျိုးတူပူးပေါင်းမှုကို မြှင့်တင်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက တရုတ်နိုင်ငံ၊ နန်နင်းမြို့ရှိ Guangxi Polytechnics of Construction ၌ စက်တင်ဘာလ (၁၅)ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၃ တရုတ်-အာဆီယံ သက်မွေးပညာရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဖိုရမ်၌ အထက်ပါကဲသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဥ်များ၊ ဦးတည်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်မွေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်နေကြောင်း ဒေါက်တာအောင်ဇေယျက အသိပေးပြောကြားထားသည်။
ထို့ကြောင့် တရုတ်-မြန်မာနှင့် အခြားအာဆီယံနိုင်ငံများ၏ နည်းပညာ၊ သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကျိုးတူပူးပေါင်းမှုတို့ကို မြှင့်တင်ဆောင်ရွက်ရန် ဒေါက်တာအောင်ဇေယျက အသိပေးပြောကြားထားသည်။
အလားတူ ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် MSMEs လုပ်ငန်းများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ကုန်ထုတ်လုပ်ငန်းများကို ခေတ်မီနည်းပညာများ အသုံး ချ၍ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ တိုးတက်အောင်ဆောင်ရွက်နိုင်ရေးအတွက် ယခုနှစ်(၂၀၂၃)မှစ၍ စက်မှု- စိုက်ပျိုး ရေး- မွေးမြူရေး အထက်တန်းကျောင်းများကိုပါ ဖွင့်လှစ်ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးက ဆက်လက်ပြောကြားသည်။
အလားတူ တရုတ်- မြန်မာနှင့် အခြားအာဆီယံနိုင်ငံများ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးကိုလည်း ဆောင်ရွက်ရန် ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ မြန်မာနိုင်ငံ၏ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍကို အဓိက Focal အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆော်ဒီနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ယီမင်သူပုန်တို့ ရီယာ့ဒ်သို့ ထွက်ခွာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း