Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆယ်ကျော်သက်အရွယ်အမျိုးသမီး(၄)ဦးကို ပြည့်တန်ဆာလုပ်ငန်းသို့ပို့ဆောင်ကာ ငွေကြေးခေါင်းပုံဖြတ်သူများကို ထောင်ဒဏ်တစ်သက် အပါအဝင် ပြစ်ဒဏ်အသီးသီးချမှတ်

သန့်ဇင် (NSS) - စက်တင်ဘာ ၁၅

မန္တလေးတိုင်း၊ မဟာအောင်မြေခရိုင်တရာရုံးက အသက်(၁၅)နှစ်နှင့် (၁၈)နှစ်အရွယ်အမျိုးသမီးငယ်များကို အဓမ္မပြည့်တန်ဆာအဖြစ် ပို့ဆောင်၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တစ်သက်နှင့် ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေခရိုင်တရားရုံးက စင်တင်ဘာလ ၈ ရက်က အထက်ပါကဲ့သို့ အမိန့်ချမှတ်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။


မဟာအောင်မြေမြို့နယ်တွင်နေထိုင်သူ ကမာဘိုင်(ခ)ကျော်လေး(ခ)ကျော်ကျော် နှင့် ထားထားမြင့်(ခ)မထက်၊ ချမ်းမြသာစည်မြို့နယ်နေ စောမြတ်သူ(ခ) မြတ်သူနှင့် အေးချမ်းမိုး(ခ)စုစုတို့(၄)ဦးက ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်နေ အသက်(၁၅)နှစ်နှင့် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်(၂)ဦးအား အဓမ္မပြည့်တန်ဆာအဖြစ် ခိုင်းစေရန် ပို့ဆောင်၍ ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့(၄)ဦးအား အောင်ပင်လယ်နယ်မြေရဲစခန်းက(ပ)၂ဝ/၂ဝ၂၃အရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းတို့အား မဟာအောင်မြေခရိုင်တရားရုံးသို့တရားစွဲတင်ပို့ခဲ့ပြီး ကမာခိုင်(ခ)ကျော်လေး(ခ)ကျော်ကျော်နှင့် ထားထားမြင့်(ခ)မထက်တို့ကို လူကုန်ကူမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၀အရ ထောင်ဒဏ်တစ်သတ်စီချမှတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် စောမြတ်သူ(ခ)မြတ်သူနှင့် အေးချမ်းမိုး(ခ)စုစုတို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ ထောင်ဒဏ် နှစ်(၂ဝ)စီ ကျခံစေခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နေ မိုးမိုးအောင်(ခ)ဂျူလိုင်မိုးက အဆိုပါမြို့နယ်မှ အသက် (၁၈)နှစ်နှင့် (၁၇)နှစ်အရွယ် အမျိုးသမီး(၂)ဦးအား တရုတ်နယ်စပ်ရှိ အလှပြင်ဆိုင်တွင် အလုပ်လုပ်ပါက တစ်လလျှင် (၁၅)သိန်း ရရှိမည်ဟုဆိုကာ ပြည့်တန်ဆာအဖြစ် ခိုင်းစေပြီး ငွေကြေးအမြတ်ထုတ် ခေါင်းပုံဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းအား ဘားအံမြို့မရဲစခန်းက (ပ)၄၅/၂ဝ၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ထို့နောက် စက်တင်ဘာလ ၁၃ ရက်တွင် မိုးမိုးအောင်(ခ)ဂျူလိုင်မိုးအား ဘားအံခရိုင်တရားရုံးမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သမ္မတဘိုင်ဒင်အပေါ် တရားဝင် စွပ်စွဲအပြစ်တင်မည်ဖြစ်ကြောင်း ရီပတ်ဘလစ်ကင်တို့ ကြေညာ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved