စိုက်ပျိုးရေးဖြစ်ထွန်းသော ဒေသများနှင့် ကျေးလက်တောရွာများတွင် စားသုံးဆီဖူလုံမှုရှိသော်လည်း မြို့ပြများတွင် ဆီလိုအပ်ချက်ရှိနေဆဲဟုဆို
ယွန်း (NSS) - စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်း၌ ဆန်၊ ဆီ၊ ပဲဖူလုံပြီး စိုက်ပျိုးရေးဖြစ်ထွန်းသော ဒေသများနှင့် ကျေးလက်တောရွာများတွင် စားသုံးဆီဖူလုံမှုရှိနေကြောင်း စစ်တိုင်းတိုင်းဝန်ကြီးချုပ်က ပြောသည်။
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြီးခဲ့သည့် စက်တင်ဘာလ(၁၂)ရက်တွင် ကျင်းပခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေး နှင့် စားအုံးဆီရောင်းချမှုကြီးကြပ်ရေး ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းအနေဖြင့် ဆန်၊ ဆီ၊ ပဲ ဖူလုံပြီး စိုက်ပျိုးရေးဖြစ်ထွန်းသောဒေသနှင့် ကျေးလက်တောရွာများတွင် စားသုံးဆီများ ဖူလုံမှုရှိသော်လည်း အခြေခံလူတန်းစား အများစုနေထိုင်သည့်မြို့ပြများတွင် ဆီလိုအပ်ချက်ရှိနေဆဲဖြစ် ကြောင်း ၎င်းက ပြောသည်။
ထို့ကြောင့် ဝန်ထမ်းများနှင့် မြို့ပြနေပြည်သူများအားလုံး ဆီလိုအပ်ချက်ကို လုံလောက်စွာရရှိရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဦးမြတ်ကျော်က တိုက်တွန်းပြောကြားထားသည်။
စားသုံးဆီရောင်းချမှုအပေါ် ဈေးကွက်ပေါက်ဈေးကြီးမြင့်နေမှုအားဖြေရှင်းရန် ဆီတင်သွင်းသည့်ကုမ္ပဏီများက လက် လီရောင်းချသည့်ဆိုင်များကို တိုက်ရိုက်ဖြန့်ဖြူးသည့်ခွဲတမ်းစနစ်ဖြင့် ရောင်းချမှုများလည်း ရှိနေသည်။
လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်လျက်ရှိပြီး ဆန် အပါအဝင် စားသုံးဆီဈေးနှုန်းများ ကြီးမြင့်မှုကြောင့် စားသုံးသူပြည်သူများအနေဖြင့် အခက်အခဲများကို ကြုံတွေ့လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် စားအုန်းဆီကို ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသုံးဆီတင်သွင်းရာတွင် ဝယ်ယူကုန်ကျသည့် နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းဈေးဖြင့် လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပဈေးထက်သက်သာသည့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားဖြင့် ပံ့ပိုးဆောင်ရွက်ပေးထားကြောင်း သိရသည်။
သို့သော် ဈေးကွက်တွင် စားသုံးဆီဈေးနှုန်းများသည် ဖြစ်သင့်ဖြစ်ထိုက်သည်ထက်များစွာ မြင့်တက်လျက်ရှိသည်။
စားသုံးသူများအနေဖြင့် လက်လီဈေးကွက်အတွင်း စားသုံးဆီဝယ်ယူရာတွင် ယခင်ဈေးနှုန်းအတိုင်း အမြင့်ဈေးဖြင့် ဆက်လက်ရောင်းချနေပါက ဝယ်ယူစားသုံးခြင်းမပြုရန် စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားပြီး စားသုံးသူရေးရာဦးစီးဌာန၏ Call Center ၁၅၃၅၊ စားသုံးသူရေးရာဦးစီးဌာန Facebook Page နှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ၏ Facebook Page များသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ရန် ပြင်ဆင်ထားသည်ဟု ယူဆရသော ၁၀၇(မမ) ရှော့တိုက်ဒုံး(၈)လုံးကို တွေ့ရှိရှင်းလင်းနိုင်ခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း