မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ရန် ပြင်ဆင်ထားသည်ဟု ယူဆရသော ၁၀၇(မမ) ရှော့တိုက်ဒုံး(၈)လုံးကို တွေ့ရှိရှင်းလင်းနိုင်ခဲ့
မြူနစ် (NSS) - စက်တင်ဘာ ၁၄
မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ရန် ပြင်ဆင်ထားသည်ဟု ယူဆရသော ၁၀၇(မမ)ရှော့တိုက်ဒုံး (၈)လုံးကို ရန်ကုန် တိုင်း၊ မှော်ဘီမြို့နယ်အတွင်း၌ တွေ့ရှိရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ရှော့တိုက်ဒုံး(၈)လုံးကို ယနေ့(စက်တင်ဘာလ ၁၄ ရက်)၊ နေ့လည် ၁ နာရီကျော်အချိန်တွင် မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာရှိ လယ်ကွင်းပြင်တစ်ခု၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
၎င်းရှော့တိုက်ဒုံး (၈)လုံးသည် ပစ်ခတ်တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားသည်ဟုယူဆရပြီး ယင်းရှော့တိုက်ဒုံးများပေါ်၌ ထီးများအုပ်မိုးထားသည်ကိုလည်း တွေ့ရှိရသည်ဟု ၎င်းကဆက်လက်ပြောသည်။
“၁၀၇ (မမ)ရှော့တိုက်တွေ တွေ့တာဟုတ်ပါတယ်။ ညောင်နှစ်ပင်ကျေးရွာအဝင် လမ်းဘေးမှာ တွေ့တာ။ စုစုပေါင်း (၈) လုံးပါ။ မှော်ဘီလေတပ်စခန်းဘက်ကို ပစ်ခတ်ဖို့ ပြင်ဆင်ထားတာလို့တော့ ယူဆရတယ်” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
အဆိုပါ ရှော့တိုက်ဒုံး(၈)လုံးသည် ရန်ကုန်မြို့ရှိ မှော်ဘီလေတပ်စခန်းဘက်သို့ ပစ်ခတ်ရန် ပြင်ဆင်ထားခြင်းဖြစ်နိုင်ကြောင်း ယူဆရသည်ဟုလည်း ၎င်းက ထပ်မံပြောသည်။
ပစ်ခတ်တိုက်ရန်ပြင်ဆင်ထားသည့် ၁၀၇(မမ)ရှော့တိုက်ဒုံး (၈)လုံးကို ပြည်သူများ၏ သတင်းပေးချက်အရ သိရှိရခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းရှော့တိုက်ဒုံးများကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က ရှင်းလင်းသိမ်းဆည်းခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်ညပိုင်း၌ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းရတနာကလေးဆေးရုံကို PDF အဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။
၎င်းမိုးကောင်းရတနာဆေးရုံအား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သူနှင့် ပူးပေါင်းပါဝင်သူ (၅)ဦးကို ရှော့တိုက်ဒုံး (၉)လုံးနှင့်အတူ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း၌ပင် ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးရမိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်ကုမ္ပဏီထံမှ ရေငုပ်သင်္ဘော ရှာဖွေကယ်ဆယ်ရေး သင်္ဘောကို အမေရိကန်ဒေါ်လာသန်း(၁၀၀)ဖြင့် ဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း အင်ဒိုနီးရှားစစ်ဘက်ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း