ရွှေပြည်သာမြို့နယ်တွင် ရဲအုပ်တစ်ဦးအား အမွှေးတိုင်ထွန်းထားသည့် ပန်းစည်းပေးကာ သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွား
NSS - စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ရဲအုပ်တစ်ဦးအား အမွှေးတိုင်ထွန်းထားသည့် ပန်းစည်းပေးကာ သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးရှိ သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ်၊ (၈)ရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ "ဝေယံ" လက်ဖက်ရည်ဆိုင်တွင် စက်တင်ဘာလ ၁၃ ရက်၊ ညနေ ၃ နာရီခန့်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းက ဆိုင်အတွင်း လက်ဖက်ရည်ထိုင်သောက်နေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိအမျိုး သား(၂)ဦးရောက်ရှိလာပြီး တစ်ဦးမှ ဆိုင်အတွင်းသို့ဝင်ရောက်ကာ ရဲအုပ်အောင်သက်ထွေးအား အမွှေးတိုင်ထွန်းထားသည့် ပန်းစည်းပေး၍ သေနတ်ဖြင့် (၃)ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲအုပ်အောင်သက်ထွေးသည် ယာဘက်ရင်အုံ ကျည် ဖောက်ဝင် ဒဏ်ရာ(၁)ချက် ရရှိသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သည့်သတင်းရင်းမြစ်ထံမှ သိရသည်။
ဒဏ်ရာရရှိသူ ရဲအုပ် အောင်သက်ထွေးအား ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
လုပ်ကြံခံရသည့် ရဲအုပ်သည် ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဖြစ်ပြီး ၎င်းသည် နေပြည်တော်သို့ ရာထူးတိုးအတွက် လူတွေ့သွားရောက်ဖြေဆိုပြီးအပြန်တွင် မိဘများရှိရာ နေအိမ်သို့ခေတ္တရောက်ရှိ နေထိုင်စဉ် ယခုကဲ့သို့လုပ်ကြံခံရခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ကျင်းပသည့် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှလွဲ၍ ကျန်နိုင်ငံများ တက်ရောက်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း