ရုရှားနိုင်ငံထုတ် SU-24 အမျိုးအစား တိုက်လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေချိန်အတွင်း ပျက်ကျ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၃
ရုရှားနိုင်ငံထုတ် SU-24 အမျိုးအစား တိုက်လေယာဉ်ဟာ Volgograd ဒေသရှိ ပင်လယ်နားမှာ လေ့ကျင့်ပျံသန်းချိန်အတွင်း စက်တင်ဘာ ၁၂ ရက်က ပျက်ကျသွားခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
အဆိုပါ တိုက်လေယာဉ်ဟာ လေ့ကျင့်ပျံသန်းချိန်အတွင်း စစ်လက်နက်ပစ္စည်းများ တပ်ဆင်ထားခြင်းမျိုးမရှိကြောင်း၊ ပျက်ကျရတဲ့အကြောင်းအရင်းကို အသေးစိတ်မသိရသေးဘဲ Mi-8 အမျိုးအစားရဟတ်ယာဉ်နဲ့အတူ ကယ်ဆယ်ရေးအဖွဲ့တွေကို တိုက်လေယာဉ်ပျက်ကျတဲ့နေရာကို ပို့ဆောင်စစ်ဆေးနေကြောင်း သိရပါတယ်။
တိုက်လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပေမယ့် မြေပြင်ပေါ်မှာ တိုက်လေယာဉ်ပျက်ကျတဲ့အပျက်အစီးများ မတွေ့ရဘဲ ပင်လယ်ထဲကို ပျက်ကျသွားခြင်းဖြစ်ဖွယ်ရှိနေကြောင်း Volgograd ဒေသအာဏာပိုင်တွေက ပြောပါတယ်။ စက်တင်ဘာ ၁၂ ရက်က ဆိုချီမြို့ကနေ Omsk မြို့ကို ပျံသန်းတဲ့ ခရီးသည်တင်လေယာဉ်တစ်စီးဟာ ပျက်ကျတဲ့ ပုံစံမျိုးဖြစ်လာတဲ့အတွက် မြေပြင်ကို အရေးပေါ်ဆင်းသက်မှုတွေလုပ်ဆောင်ခဲ့ရကြောင်း ရုရှားမီဒီယာတွေက ဖော်ပြထားပါတယ်။
အဆိုပါ ခရီးသည်လေယာဉ်အပေါ်မှာ ကလေးငယ် ၂၃ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၆ ဦး အပါအဝင် လူပေါင်း ၁၆ဝ ကျော် လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။ လေယာဉ်မှူးဟာ ပျံသန်းနေချိန်အတွင်း လေယာဉ်ဘေးကင်းမှုများ အတွက် စိတ်ချရတဲ့ပုံစံမျိုးမရှိတဲ့အတွက် လယ်ကွင်းထဲကို ဘေးကင်းစွာနဲ့ ဆင်းသက်နိုင်အောင် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ခရီးသည်တင်လေယာဉ်ဟာ စက်ပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့် ပျံသန်းနေချိန်အတွင်း ပျက်ကျသလိုမျိုးဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေများကိုစစ်ဆေးနေကြောင်း ရုရှားအာဏာပိုင်များက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားက ရုရှားကို စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းကူညီမယ်ဆိုရင် နှစ်နိုင်ငံစလုံးကို ပိတ်ဆို့မှုအသစ် ထပ်မံချမှတ်မယ်လို့ အမေရိကန်အစိုးရ သတိပေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း