မြောက်ကိုရီးယားက ရုရှားကို စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းကူညီမယ်ဆိုရင် နှစ်နိုင်ငံစလုံးကို ပိတ်ဆို့မှုအသစ် ထပ်မံချမှတ်မယ်လို့ အမေရိကန်အစိုးရ သတိပေး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၃
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့မယ်ဆိုရင် မြောက်ကိုရီးယား နဲ့ ရုရှား နှစ်နိုင်ငံစလုံးကို ပစ်မှတ်ထားပိတ်ဆို့မှုတွေ ထပ်မံချမှတ်သွားမယ်လို့ အမေရိကန်အစိုးရက သတိပေးလိုက် ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ စက်တင်ဘာ ၁၂ ရက်က ရုရှားနိုင်ငံကို ရောက်ရှိလာခဲ့ပြီး သမ္မတပူတင်နဲ့ တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိနေကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလ်လာက "မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားကိုစစ်လက်နက်ပစ္စည်းတွေ ကူညီပေးခဲ့ မယ်ဆိုရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ဆုံးဖြတ်ချက်ကို ချိုးဖောက်လိုက်တာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပိတ်ဆို့မှုတွေချမှတ်ဖို့ သည်းခံနေမှာမဟုတ်ဘူး။ ပိတ်ဆို့မှုတွေ ထပ်မံချမှတ်သွားဖို့ ရှိနေပါတယ်" လို့ ပြောပါတယ်။
အနောက်အုပ်စုမီဒီယာတွေက မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ ရုရှားနိုင်ငံ နဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ဖို့ ထပ်မံဆွေးနွေးဖွယ်ရှိနေကြောင်း ဖော်ပြထားပါတယ်။ ရုရှားအစိုးရကတော့ အဆိုပါ ကင်ဂျုံအမ်နဲ့ သမ္မတပူတင်တို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း အရေးကြီးတဲ့လုပ်ငန်းတွေကို ဆွေးနွေးသွားဖွယ်ရှိနေ ကြောင်း ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်ရှိနိုင်ငံတွေထဲမှာ အမြောက်ကျည် အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီး ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီရောင်းချပေးမှာကိုအနောက်အုပ်စုနိုင်ငံတွေက စိုးရိမ်နေကြောင်း သိရပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိတစ်ဦးကလည်း ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမယ်ဆိုရင် ရုရှားဟာ ကြီးမားတဲ့ပေးဆပ်မှုပြန်လည်ပေးရဖွယ်ရှိနေကြောင်း ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် နဲ့ ရုရှားသမ္မတပူတင် တို့ တွေ့ဆုံဆွေးနွေးပွဲကို အနီးကပ်စောင့်ကြည့်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကို ငွေကြေးများ ကူညီထောက်ပံ့ပေးနေခြင်းတွေကို ရပ်တန့်ပစ်ရမယ်လို့ အမေရိကန်အထက်လွှတ်တော်ကိုယ်စားလှယ် တောင်းဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ