ယူကရိန်းကို ငွေကြေးများ ကူညီထောက်ပံ့ပေးနေခြင်းတွေကို ရပ်တန့်ပစ်ရမယ်လို့ အမေရိကန်အထက်လွှတ်တော်ကိုယ်စားလှယ် တောင်းဆို
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၃
အမေရိကန်အစိုးရဟာ ယူကရိန်းကို ငွေကြေးများ ကူညီထောက်ပံ့ပေးနေခြင်းကို အဆုံးသတ်ဖို့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းကတည်းက အမေရိကန်အစိုးရဟာ ယူကရိန်းကို အမေရိကန်ဒေါ် လာ ၁ဝဝ ဘီလျံကျော် ကူညီထောက်ပံ့ပေးထားပြီး၊ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံနီးပါး ထပ်မံကူညီပေးဖို့ စီစဉ်နေ သလို လွှတ်တော်ထံကလည်း အမေရိကန်ဒေါ်လာ ၂၄ ဘီလျံ ကူညီထောက်ပံ့ပေးဖို့တောင်းခံထားကြောင်း သိရပါတယ်။
ရီပတ်ဘလီကန်ပါတီရဲ့အမေရိကန်အထက်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ ယူကရိန်းကို ကူညီထောက်ပံ့ ပေးခဲ့တဲ့ အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ပေးမှုများကို အသေးစိတ်ရှင်းလင်းဖို့လည်း တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ရီပတ်ဘလီကန်ပါတီရဲ့အထက်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ J.D. Vance က "ယူကရိန်း ဟာ ငွေတွင်းကြီးဖြစ်နေတယ်။ အဲဒီငွေတွင်းကြီးထဲကို ငွေတွေ လောင်းချနေတာတွေကို ရပ်တန့်ရမယ်" လို့ ပြောပါတယ်။
ရီပတ်ဘလီကန်လွှတ်တော်အမတ်တွေက အမေရိကန်အစိုးရအနေနဲ့ ယူကရိန်းကို ငွေကြေးများ ကူညီထောက်ပံ့ ပေးနေခြင်းနဲ့ပတ်သက်ပြီး အသေးစိတ်အစီအရင်ခံဖို့ တောင်းဆိုတာမျိုးတွေလည်း မကြာသေးမီက ထပ်မံဖြစ်ပွားခဲ့ ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရရဲ့ဘတ်ဂျက်ရုံးရဲ့ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Shalanda Young က "မြေပြင် တိုက်ပွဲတွေမှာ ယူကရိန်းအနိုင်ရစေဖို့ ကူညီထောက်ပံ့ပေးမှုတွေက အရေးကြီးနေတယ်။ ယူကရိန်းပြည်သူတွေဟာ စစ်ပွဲကြောင့်ခက်ခဲနေတာမျိုးတွေလည်း ရှိနေတယ်" လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၎င်းတို့အစိုးရအဖွဲ့အနေနဲ့ ယူကရိန်းပြည်သူတွေကိုပေးထားတဲ့ ကတိတွေကို ဖယ်ရှားပစ်မှာ မဟုတ်ကြောင်း ဆိုထားပါတယ်။ ဂျိုးဘိုင်ဒန် အမေရိကန်သမ္မတအဖြစ် တာဝန်မယူခင်က အမေရိကန်နိုင်ငံရဲ့ စုစုပေါင်းအကြွေးဟာ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၄ ထရီလီယံသာ ရှိခဲ့ပေမယ့် ဂျိုးဘိုင်ဒန် အမေရိကန်သမ္မတအဖြစ်တာဝန်ယူပြီး ၂ နှစ်ခွဲကျော်အတွင်းမှာ အမေရိကန်နိုင်ငံရဲ့စုစုပေါင်းအကြွေးဟာ အမေရိကန်ဒေါ်လာ ၃၃ ထရီလီယံကျော်အထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သထုံ-ဘားအံလမ်းမကြီးတွင် ခရီးသည်တင်မှန်လုံကားတစ်စီး တိမ်းမှောက်၍ ရေမြောင်းထဲကျခဲ့ရာ အမျိုးသားတစ်ဦး ရေနစ်သေဆုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ