ထားဝယ်မြို့မှဘုရားဖူးပြန်လာသည့် မော်တော်ယာဉ်လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆရာတော်(၁)ပါးနှင့်ပြည်သူ(၁)ဦးသေဆုံး
NP News - ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ဘုရားဖူးပြန်လာသည့် မော်တော်ယာဉ်အား PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆရာတော် ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံးကာ (၆)ဦး ဒဏ်ရာရရှိကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်သည် တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့နယ်တွင် ဖေဖော် ဝါရီလ ၆ ရက်၊ ညနေ(၃)နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးသန်းထွေး မောင်းနှင်သည့် ကားတစ်စီးသည် ကလိန်အောင်မြို့၊ ရာဖူးသစ်ကျေးရွာ၊ ဗုဒ္ဓသာသနာရက္ခိတကျောင်း ကျောင်းထိုင်ဆရာ တော် ဘဒ္ဒန္တဥက္ကဋ္ဌ နှင့် တပည့်ဒါယကာ (၈)ဦးတို့သည် ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းတွင် ရာဖူးသစ်ကျေးရွာမှ ထားဝယ်မြို့ရှိ ဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြန်လည်ထွက်ခွာလာစဉ် ညနေ ၃ နာရီခန့်တွင် ကလိန်အောင်မြို့၏ တောင်ဘက် (၁၄)မိုင်ခန့်အကွာ နှမ်းကြဲကျေးရွာအနီးသို့ အရောက်တွင် PDF အဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဆရာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးကာ ၆ ဦးမှာ လက်နက်ငယ်ကျည်များထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း နစကဘက်မှ ထုတ်ပြန်သည်။
ဖြစ်စဉ်အတွင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများကို ထားဝယ်မြို့၊ ပရဟိတအသင်းမှ မော်တော်ယာဉ်ဖြင့် ထားဝယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
ထားဝယ္ၿမိဳ႕မွဘုရားဖူးျပန္လာသည့္ ေမာ္ေတာ္ယာဥ္လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဆရာေတာ္(၁)ပါးႏွင့္ျပည္သူ(၁)ဦးေသဆုံး
NP News - ေဖေဖာ္ဝါရီ ၈
တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕မွ ဘုရားဖူးျပန္လာသည့္ ေမာ္ေတာ္ယာဥ္အား PDF မ်ားက လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့သျဖင့္ ဆရာေတာ္ ပ်ံလြန္ေတာ္မူခဲ့ၿပီး အျပစ္မဲ့ျပည္သူ တစ္ဦးေသဆုံးကာ (၆)ဦး ဒဏ္ရာရရွိေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျဖစ္စဥ္သည္ တနသၤာရီတိုင္းေဒသႀကီး၊ ကလိန္ေအာင္ၿမိဳ႕နယ္တြင္ ေဖေဖာ္ ဝါရီလ ၆ ရက္၊ ညေန(၃)နာရီခြဲတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း နစကဘက္မွ ထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ယာဥ္ေမာင္း ဦးသန္းေထြး ေမာင္းႏွင္သည့္ ကားတစ္စီးသည္ ကလိန္ေအာင္ၿမိဳ႕၊ ရာဖူးသစ္ေက်း႐ြာ၊ ဗုဒၶသာသနာရကၡိတေက်ာင္း ေက်ာင္းထိုင္ဆရာ ေတာ္ ဘဒၵႏၲဥကၠ႒ ႏွင့္ တပည့္ဒါယကာ (၈)ဦးတို႔သည္ ေဖေဖာ္ဝါရီလ ၆ ရက္ နံနက္ပိုင္းတြင္ ရာဖူးသစ္ေက်း႐ြာမွ ထားဝယ္ၿမိဳ႕ရွိ ဘုရားမ်ားအား သြားေရာက္ဖူးေျမာ္ၾကည္ညိဳၿပီး ျပန္လည္ထြက္ခြာလာစဥ္ ညေန ၃ နာရီခန႔္တြင္ ကလိန္ေအာင္ၿမိဳ႕၏ ေတာင္ဘက္ (၁၄)မိုင္ခန႔္အကြာ ႏွမ္းႀကဲေက်း႐ြာအနီးသို႔ အေရာက္တြင္ PDF အဖြဲ႕မ်ားက လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဆရာေတာ္ ၁ ပါး ပ်ံလြန္ေတာ္မူခဲ့ၿပီး အျပစ္မဲ့ျပည္သူ ၁ ဦး ေသဆုံးကာ ၆ ဦးမွာ လက္နက္ငယ္က်ည္မ်ားထိမွန္ ဒဏ္ရာရရွိခဲ့ေၾကာင္း နစကဘက္မွ ထုတ္ျပန္သည္။
ျဖစ္စဥ္အတြင္း ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံး၊ ဒဏ္ရာရရွိသူမ်ားကို ထားဝယ္ၿမိဳ႕၊ ပရဟိတအသင္းမွ ေမာ္ေတာ္ယာဥ္ျဖင့္ ထားဝယ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်တို့ ပစ်ချလိုက်သော စပိုင်မိုးပျံပူဖောင်းအပျက်အစီးများကို ပြန်ပေးရန် တရုတ်အစိုးရ တောင်းဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း