အမြန်လမ်း၌ Hijet ကားတစ်စီးတိမ်းမှောက်ပြီး တစ်ဦးသေဆုံးကာ (၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
Pearl (NSS) - စက်တင်ဘာ ၁၁
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ Hijet ကားတစ်စီးတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ (၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၁ ရက်)၊ နံနက် (၈)နာရီ(၄၀)မိနစ်အချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၇/၀ နှင့် ၂၁၈/၁)ဖာလုံကြား၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းအပါအဝင် အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၄)ဦး၊ စုစုပေါင်း (၈)ဦးလိုက်ပါလာသော HIJET အမျိုးအစား (အဖြူရောင်) ယာဉ်သည် မန္တလေးဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာစဉ် အခင်းဖြစ်နေရာသို့အရောက်၌ အရှိန်းမထိန်းနိုင်ဖြစ်ကာ တိမ်းမှောက်ပြီး လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
" Hijet ကား အရှိန်လွန်ပြီး မှောက်တာ။ (၇)ဦး ဒဏ်ရာရတာ။ (၁)ဦးက ဆေးရုံရောက်တော့ ဆုံးသွားတယ်" ဟု ပလွေးအမြန်လမ်းမီးသတ်စခန်း၏တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၃)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အားနေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ပို့ဆောင်ပေးထားပြီး ဒဏ်ရာရရှိသူများအနက် (၂)ဦးသည် စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဒေသတည်ငြိမ်မှုရှိရန်လိုဟုဆို
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း