Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ကို ပြုပြင်ပြောင်းလဲရန် ဘရာဇီးလ်သမ္မတ တိုက်တွန်းတောင်းဆို

Pika (NSS) - စက်တင်ဘာ ၁၁

ဘရာဇီးလ်သမ္မတလူလာဒီဆေးလ်ဗားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် စက်တင်ဘာ(၁၁)ရက်က နယူးဒေလီမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း တောင်းဆိုခဲ့ကြောင်း သိရသည်။

လက်ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံသည် ၁၉၄ဝ ခုနှစ်ခန့်က ကမ္ဘာကြီးကို ရောင်ပြန်ဟပ်နေကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ အိန္ဒိယအစိုးရသည် G20 ထိပ်သီးအစည်းအဝေးပြီးဆုံးသည့်နေ့ စက်တင်ဘာလ(၁ဝ) ရက်တွင် G20 ဥက္ကဋ္ဌရာထူးကို ဘရာဇီးလ်အစိုးရကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဘရာဇီးလ်၊ အိန္ဒိယ၊ ဂျပန် နှင့် ဂျာမနီတို့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့် ရရန်အတွက် တောင်းဆိုမှုများကို အပြန်အလှန်ထောက်ခံနေသည့် G4 အဖွဲ့ဝင် နိုင်ငံများဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဘရာဇီးလ်သမ္မတလူလာဒီဆေးလ်ဗား နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့သည်  G20 ထိပ်သီးအစည်းအဝေး ခန်းဘေးတွင် တွေ့ဆုံခဲ့ကြပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ နှင့် အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံများကို တိုးချဲ့ခြင်းများ အပါအဝင် UNSC ၏ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သည့်  ၎င်းတို့ ၏ ကတိဝတ်များကို ထပ်မံအတည်ပြုခဲ့ကြကြောင်းလည်း သိရသည်။ 


အိန္ဒိယအစိုးရသည် G20 ဥက္ကဋ္ဌရာထူးကို ဘရာဇီးလ်အစိုးရကို တရားဝင်လွှဲပြောင်းပေးပြီးနောက် နာရီပိုင်းအကြာ တွင် မိုဒီနှင့် လူလာဒီဆေးလ်ဗားတို့ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် နှစ်နိုင်ငံလုံးသည် ကုလသမဂ္ဂ  လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်လိုသည့် ၎င်းတို့၏ တောင်းဆိုမှုများကို အပြန်အလှန်ထောက်ခံ ကြောင်း မိုဒီ နှင့် လူလာဒီဆေးလ်ဗားတို့က ပြောကြားခဲ့သည်။

မိုဒီ နှင့် လူလာဒီဆေးလ်ဗားတို့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်ပြီး ပုံမှန် တွေ့ဆုံညှိနှိုင်းရေး အစည်းအဝေးများ ပြုလုပ်ရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်နိုင်ငံ(၁၅)နိုင်ငံရှိပြီး အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ(၅)နိုင်ငံရှိကာ အမြဲတမ်းအဖွဲ့ဝင်မဟုတ်သည့် အလှည့်ကျအဖွဲ့ဝင်(၁ဝ)နိုင်ငံရှိကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမြန်လမ်း၌ Hijet ကားတစ်စီးတိမ်းမှောက်ပြီး တစ်ဦးသေဆုံးကာ (၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

RECENT POSTS
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved