စစ်တွေမြို့၌ ကင်ဆာရောဂါသည်အမျိုးသမီးတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
သန့်ဇင်(NSS) - စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကင်ဆာရောဂါခံစားနေရသည့် အမျိုးသမီးတစ်ဦး နေအိမ်၌ ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၉ ရက်)၊ နံနက် ၁၁နာရီ ၅မိနစ်အချိန်တွင် စစ်တွေမြို့၊ တည်သီးစုရပ်ကွက်၊ သိမ်းကမ္ဘာလမ်းရှိ နေအိမ်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"အဲဒီ အမျိုးသမီးက ကင်ဆာဖြစ်နေတာပါ။ အဲဒီရောဂါကြောင့်ပဲ စိတ်ဒဏ်ရာရပြီး သူ့ဟာသူ ဆွဲကြိုးချလိုက်တာထင်တယ်" ဟု ရွှေရောင်မေတ္တာဖောင်ဒေရှင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ကြိုးဆွဲချသေဆုံးသူအမျိုးသမီးသည် တည်းသီးစုရပ်ကွက်တွင်နေထိုင်သည့် အသက်(၅၄)နှစ်အရွယ် ဒေါ်မိုးချေဖြစ်ကြောင်း သိရသည်။
"သူက မိသားစုနဲ့အတူတူနေတာပါ။ ရောဂါခံစားနေရတော့ ဆေးကုတဲ့သူ့အခန်းထဲမှာပဲ သူ့ကိုသူ ကြိုးဆွဲချလိုက်တာပါ"ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုသမီးအား ရွှေရောင်မေတ္တာဖောင်ဒေရှင်းမှကားဖြင့် စစ်တွေမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပိုဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆေးဘက်ဆိုင်ရာ ဗဟုသုတရှိသော အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် စာရင်းပေးသွင်းရမည်ဟု ယူကရိန်းအစိုးရထုတ်ပြန်ကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း