ကျောင်းမှပြန်လာသည့် ဒုဗိုလ်မှူးကြီး(ငြိမ်း)နှင့်အတူ မိသားစုဝင်(၃)ဦး လုပ်ကြံခံခဲ့ရပြီး သားဖြစ်သူ မျက်လုံးကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့
မြူနစ် (NSS) - စက်တင်ဘာ ၉
သားဖြစ်သူကို ကျောင်းကြိုပြီး ပြန်လာသည့် အငြိမ်းစားဒုဗိုလ်မှူးကြီးနှင့်အတူ မိသားစုဝင်(၃)ဦး ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၈ ရက်)၊ ညနေ ၅ နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုက်မြို့၊ တောင်သူစုရပ်ကွက်၊ ဘူတာလမ်းသွယ်(၁)လမ်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့သော ပြည်နယ်အစိုးရ အဖွဲ့မှတာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အငြိမ်းစားဒုဗိုလ်မှူးကြီးဖြစ်သူ ဦးအောင်လွင်နှင့် ဇနီးဖြစ်သူဒေါ်ခင်စန္ဒာစိုးတို့သည် ယာဉ်တစ်စီးဖြင့် ၎င်းတို့၏သားဖြစ်သူ မောင်အောင်ငြိမ်းမာန်အား ကျောင်းသို့သွားကြိုပြီးနောက် နေအိမ်သို့ ပြန်လာခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းကြိုပြီး မိသားစုဝင်(၃)ဦး နေအိမ်သို့ ပြန်လာစဉ်အချိန် အိမ်ရှေ့အရောက်၌ PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်ဦးဖြင့် လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောသည်။
ယင်းပစ်ခတ်ခံရမှုကြောင့် အငြိမ်းစားဒုဗိုလ်မှူးကြီးဦးအောင်လွင်၏လက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း ၎င်းကပြောသည်။
သို့သော် အထက်ပါကဲ့သို့ ပစ်ခတ်လုပ်ကြံခံရမှုကြောင့် ဒေါ်ခင်စန္ဒာစိုး၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ကာ ဆေးရုံ၌ ကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် လုပ်ကြံခံရမှုဖြစ်စဉ်အတွင်း အခြေခံပညာအဆင့်၌ ပညာသင်ယူနေသည့် သားဖြစ်သူ မောင်အောင်ငြိမ်းမာန်၏ ညာဘက်မျက်လုံးတွင်လည်း ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေရှိကြောင်း သိရသည်။
၎င်းကဲ့သို့ ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အငြိမ်းစားဒုဗိုလ်မှူးကြီး ဦးအောင်လွင်သည် ကျိုက်ထိုမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူဖြစ် ကြောင်း သိရသည်။
ထိုသို့လုပ်ကြံခံခဲ့ရသော ဦးအောင်လွင်အား YMBA ဂုဏ်ရည်ဘွဲ့ကို ပေးအပ်ချီးမြှင့်လိုက်သည်ဟုလည်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)က ကြေညာထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ၌ မီးလောင်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း