နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းများကို စက်တင်ဘာလ(၁၁)ရက်မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးမည်ဟု ကိုရီးယားရှိ မြန်မာသံရုံးအသိပေး
ယွန်း (NSS) - စက်တင်ဘာ ၈
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းများကို စက်တင်ဘာလ(၁၁)ရက်မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကိုရီးယားရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ပြီးခဲ့သည့် စက်တင်ဘာလ(၆)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ကိုရီးယားနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက် ထားမှုအား မြန်မာသံရုံးမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်အား ရေရှည်တွင် ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် စက်တင်ဘာလ(၁)ရက်မှစ၍ ပြုပြင်ထိန်းသိမ်းခဲ့ရာ သာမန်မြန်မာနိုင်ငံ သက်တမ်းတိုးလျှောက်ထားခြင်းများအား ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် သာမန်မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်းများကို လာမည့်စက်တင်ဘာလ(၁၁) ရက်မှစ၍ ပုံမှန်အတိုင်း ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများကို ရုံးချိန်အတွင်း အနည်းဆုံး(၃)ရက်ခန့် ကြိုတင်၍ ရက်ချိန်းယူရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ရက်ချိန်းယူပြီးနောက် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လူကိုယ်တိုင်လာရောက်၍ လျှောက်ထားနိုင်ကြောင်း သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၈ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ