အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ကြောင်းနှင့် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် မြန်မာ ထပ်မံသတိပေး
မျိုးကြီး (NSS) - စက်တင်ဘာ ၆
အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ကြောင်းနှင့် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် မြန်မာနိုင်ငံဘက်က ထပ်မံသတိပေးလိုက်သည်။
နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့(စက်တင်ဘာလ ၅ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ ထည့်သွင်းတုံ့ပြန်လိုက်ခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ စက်တင်ဘာ ၅ ရက်တွင် (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တူညီဆန္ဒ(၅)ချက် အကောင်ထည်ဖော်ခြင်းဆိုင်ရာ အာဆီယံ ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အာဆီယံပဋိညာဉ်စာတမ်းအပိုဒ် (၅)ပါ “အခွင့်အရေးနှင့်တာဝန်ဝတ္တရား”မူကိုသွေဖယ်ကာ မြန်မာနိုင်ငံ၏ အခွင့် အရေးဖြစ်သည့် တန်းတူရည်တူကိုယ်စားပြုမှုကို ငြင်းပယ်ခဲ့သည့်အတွက် (၄၃)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ တက်ရောက်ခြင်းမပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထားသည်။
ထို့ပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ထုတ်ပြန်ချက်(မူကြမ်း)တွင် မြန်မာနိုင်ငံ၏အမြင်နှင့် ရပ်တည်ချက်များကိုလည်း ထည့်သွင်းမဖော်ပြဘဲ လျစ်လျူရှုခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ဖော်အသိပေးထား သည်။
ထို့ကြောင့် အာဆီယံခေါင်းဆောင်များ၏ အပြုသဘောမဆောင်သည့် သုံးသပ်ချက်များနှင့် တစ်ဖက်သတ်ဆန်ပြီး မျှတမှုမရှိသည့်ဆုံးဖြတ်များအပေါ် ကန့်ကွက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အခြေခံမူများကို တိကျစွာလိုက် နာကာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံသတိပေးခဲ့သည်။
ယမန်နေ့အစည်းအဝေး၌ အာဆီယံနိုင်ငံခေါင်းဆောင်များသည် ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်မပြုဘဲ ဖိလစ်ပိုင်နိုင်ငံကိုသာ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းများ ထွက် ပေါ်လျက်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံရဲ့အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွေကို မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးအရကိုယ်စားပြုခွင့်ရှိသူ တက်ရောက်ခွင့်မပေးဘူးဆိုတဲ့အချက်ကို ဆက်ထိန်းထားရမယ်လို့ စင်ကာပူဝန်ကြီးချုပ်ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း