အာဆီယံရဲ့အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွေကို မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးအရကိုယ်စားပြုခွင့်ရှိသူ တက်ရောက်ခွင့်မပေးဘူးဆိုတဲ့အချက်ကို ဆက်ထိန်းထားရမယ်လို့ စင်ကာပူဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၆
အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို အာဆီယံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အပြည့်အဝအကောင်အထည် ဖော်ဖို့ တွန်းအားပေးရမှာဖြစ်သလို အာဆီယံရဲ့အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှာ မြန်မာကိုယ်စားပြု အဖြစ် နိုင်ငံရေးအရကိုယ်စားပြုခွင့်ရှိသူတွေကို တက်ရောက်ခွင့်မပေးဘူးဆိုတဲ့ ရပ်တည်ချက်ကို ဆက်လက် ထိန်းသိမ်းသွားရမှာဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
စင်ကာပူဝန်ကြီးချုပ်က "အဲဒီရပ်တည်ချက်တွေကို မထိန်းသိမ်းထားဘူးဆိုရင် ကျွန်တော်တို့အပေါ် ယုံကြည် ကိုးစားမှုတွေ ပျက်သွားဖွယ်ရှိနေပါတယ်။ ဒါကြောင့် အာဆီယံဟာ စုစည်းညီညွှတ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဓိကမိတ်ဖက်များနဲ့ အာဆီယံရဲ့စေ့စပ်ဆွေးနွေးမှုတွေအပေါ်လည်း သက်ရောက်မှုတွေရှိလာနိုင်တယ်။ လက်ရှိ အချိန်မှာ ကျွန်တာ်တို့ အာဆီယံအဖွဲ့ဟာ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်ဖို့ လိုအပ်နေတဲ့အချိန်မျိုးဖြစ်တယ်" လို့ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ စက်တင်ဘာ ၅ ရက်က ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံကို ၂ဝ၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခွင့်မပေးဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် စင်ကာပူဝန်ကြီးချုပ်က အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
အာဆီယံခေါင်းဆောင်များရဲ့ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ အာဆီယံ သဘောတူညီ ချက် ငါးချက်ကို အဓိကရည်ညွန်းရာအဖြစ် ဆက်လက်ထားရှိမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့က မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ အကြမ်းဖက်တိုက်ခိုက်မှုများကို လျော့ချ စေလိုကြောင်း၊ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကို ရပ်တန့်စေလိုကြောင်း၊ တိုက်တွန်း တောင်းဆိုထားပါတယ်။
အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံရေးအခက်ခဲများကို ဖြေရှင်းနိုင်အောင် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ အပြင် လာမယ့် အာဆီယံအလှည့်ကျဥက္ကဋ္ဌများ ပူးပေါင်းပါဝင်မယ့် ယန္တရားတစ်ခုကို အမြန်ဆုံးတည်ထောင်ဖွဲ့စည်းသွားရ မယ်လို့လည်း အာဆီယံထိပ်သီးအစည်းအဝေးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားကို စစ်လက်နက်ပစ္စည်းများကူညီပေးဖို့ စာချုပ်ချုပ်ဆိုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံ ပြန်လည်ပေးဆပ်ရမယ်လို့ အမေရိကန်အစိုးရ ခြိမ်းခြောက်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ