ရုရှားကို စစ်လက်နက်ပစ္စည်းများကူညီပေးဖို့ စာချုပ်ချုပ်ဆိုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံ ပြန်လည်ပေးဆပ်ရမယ်လို့ အမေရိကန်အစိုးရ ခြိမ်းခြောက်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၆
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ရုရှားနိုင်ငံ နဲ့ လက်နက်အကူအညီပေးရေးစာချုပ်များ ချုပ်ဆိုခဲ့မယ်ဆိုရင် ပေးဆပ်မှုများ ပြန်လည်လုပ်ဆောင်ရဖွယ်ရှိနေကြောင်း အမေရိကန်အစိုးရက သတိပေးပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ စစ်လက်နက်ပစ္စည်းများ ကူညီပေးရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုများ တိုးတက် ကောင်းမွန်နေတယ်လို့ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့ပါတယ်။ အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးကောင်စီအကြံပေးအရာရှိ ဂျိတ်ဆူလီဗန်က "မြောက်ကိုရီးယားနိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမယ်ဆိုရင် အဲဒီအတွက် ပြန်ပေးဆပ်ရမှာဖြစ်ပါတယ် " လို့ ပြောပါတယ်။
ဂျိတ်ဆူလီဗန်ဟာ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ပြန်လည်ပေးဆပ်ရဖွယ်ရှိတယ်လို့ ပြောဆိုခဲ့ပေမယ့် အသေးစိတ် အခြေအနေများကို ထုတ်ပြန်ပြောဆိုခြင်း မရှိခဲ့ကြောင်း သိရပါတယ်။ ဖျက်အားပြင်းလက်နက်အစီအစဉ်များနဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ ကုလသမဂ္ဂတို့ဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့မှု အမျိုးမျိုးချမှတ်ခဲ့ကြောင်း သိရပါတယ်။
ဂျိတ်ဆူလီဗန်က "ကျွန်တော်တို့ဟာ မြောက်ကိုရီးယား ကိုလူသိရှင်ကြားရော သီးသန့်ဆွေးနွေးဖို့ရော ဆက်လက် လုပ်ဆောင်နေတယ်" လို့ ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးဟာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ပြီး အမြှောက်ကျည်ဆံတွေ ရောင်းချပေးဖို့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ရာ တိုးတက်မှုများ ရှိနေ ခဲ့ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ ရုရှားသမ္မတပူတင်နဲ့ လည်း စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရေးနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးသွားဖွယ်ရှိနေကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ Adrienne Watson က ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ စစ်လက်နက်ပစ္စည်းများ ကူညီပေးရေးအတွက် ရုရှားသမ္မတပူတင် နဲ့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်လာဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ရုရှားဘက်ကတော့ တုံ့ပြန်မှတ်ချက်ပြုခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒုတိယ ဆူဒန် နဲ့ ဆီးရီးယားလိုဖြစ်အောင် ပုံသွင်းခံနေရတဲ့ မြန်မာနိုင်ငံ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ