(၉)နှစ်အရွယ်ကလေးငယ် အပါအဝင် မိသားစုဝင်(၃)ဦးလုံးကို ဓားဖြင့်အချက်ပေါင်းများစွာ ထိုးခုတ်သတ်ဖြတ်မှု လှိုင်သာယာမြိုန့ယ်တွင် ဖြစ်ပွား
NSS - စက်တင်ဘာ ၅
(၉)နှစ်အရွယ်ကလေးငယ် အပါအဝင် မိသားစုဝင်(၃)ဦးလုံးကို ဓားဖြင့်အချက်ပေါင်းများစွာ ထိုးခုတ်သတ်ဖြတ်မှု လှိုင်သာယာမြိုန့ယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယမန်နေ့(စက်တင်ဘာလ ၄ ရက်)၊ နေ့လည် (၁၂)နာရီအချိန်ခန့်တွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်၊ အနန္တသူရိယလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း မေတ္တာပါရမီလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
အဆိုပါလမ်းထဲရှိ နေအိမ်တစ်ခုမှ မိသားစုဝင်(၃)ဦးလုံး အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
"ဘယ်လိုဖြစ်တာလဲတော့မသိဘူး။ တစ်အိမ်ထဲမှာပဲအသတ်ခံရတာ သားအမိသားအဖမိသားစုတွေပါ။ သူတို့က မိသားစုဝင်(၅)ဦးရှိတယ်။ အခုက(၉)နှစ်ကလေးပါ အသတ်ခံလိုက်ရတာပေါ့။ ကလေးနဲ့အမေနဲ့က အိမ်ပေါ်ထပ်မှာ အသတ်ခံထားရတာ။ ယောကျာ်းဖြစ်သူက အိမ်အောက်ထပ်မှာ ဆုံးနေတာပါ" ဟု မေတ္တာပါရမီလူမှုကယ်ဆယ်ရေးအသင်းထံမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၎င်းတို့သုံးဦးသည် ဓားဒဏ်ရာအချက်ပေါင်းများစွာဖြင့် သတ်ဖြတ်ခံထားရခြင်းဖြစ်ပြီး အမျိုးသမီးဖြစ်သူသည် ငွေတိုးပေးသူဖြစ်ကြောင်း သိရသည်။
"ဓားဒဏ်ရာတွေက တော်တော်များတယ်။ လူကြီးနှစ်ယောက်မှာက (၈)ချက်စီလောက်ရှိမယ်။ ကလေးမှာက(၅)ချက်လောက်ရှိတယ်။ ကလေးက လည်ပင်းလည်း လှီးထားခံရတယ်။ အမျိုးသမီးဖြစ်သူက ငွေတိုးပေးစားတယ် လို့တော့ ကြားမိတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါဖြစ်စဥ်ကြောင့် အိမ်ရှင်အမျိုးသားဖြစ်သူ ဦးဌေးလွင်(၅၉)နှစ်၊ ဇနီးဖြစ်သူ ဒေါ်စုလှိုင်ဝင်း(၅၂)နှစ် နှင့် သားဖြစ်သူ ဖြိုးမြတ်ကိုကို(၉)နှစ်တို့သည် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့သုံးဦးအား မေတ္တာပါရီမီအသင်းမှ လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းလူငယ်များကြား၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု ပိုမိုများပြားလာနေဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း