ပန်းတောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား
သန့်ဇင်(NSSS) - စက်တင်ဘာ ၄
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး နေအိမ်အတွင်း မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၄ ရက်)၊ နံနက် ၁၁နာရီအချိန်ခန့်တွင် ပြည်မြို့အနောက်ဘက်ကမ်း၊ ပန်းတောင်းမြို့နယ်၊ သစ်စိမ့်ပင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်တာက မနက်ကဖြစ်တာပါ။ ဘယ်လို့ကြောင့်ဖြစ်တာလဲတော့မသိဘူး”ဟု ဒေသခံလူမှုကူညီရေးအသင်းမှတာဝန် ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် အသက်(၂၀)ဝန်းကျင်အရွယ်ဖြစ်ပြီး သစ်စိမ့်ပင်ကျေးရွာတွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားအလောင်းအား ဒေသခံနာရေးကူညီမှုအသင်းကားဖြင့် ပန်းတောင်းဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆင်နယ်နှင့်ကစားခဲ့သည့်ပွဲအတွင်း ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ကို မန်ယူနည်းပြ ဝေဖန်ပြစ်တင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း