NCA သည် လွှတ်တော်မှ အတည်ပြုထားသည့် တရားဝင်စာချုပ်ဖြစ်ပြီး ပျက်ပြယ်မှုမရှိကြောင်း ALP ဥက္ကဋ္ဌ ပြော
မျိုးကြီး (NSS) - စက်တင်ဘာ ၁
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) သည် လွှတ်တော်မှ အတည်ပြုထားသည့် တရားဝင်စာချုပ်ဖြစ်ပြီး ပျက်ပြယ်မှုမရှိကြောင်း ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။
နစက၏ NSPNC နှင့် NCA ရေးထိုးထားသော EAO (၅)ဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဥက္ကဋ္ဌ(ALP) ဥက္ကဋ္ဌက အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
အထက်ပါငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော EAO (၅)ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ALP ဥက္ကဋ္ဌ ဒေါ်စောမြေရာဇာလင်းက NCA စာချုပ်သည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက် အနှစ်သာရှိသည့် စာချုပ်ဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တရားဝင်လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်ဖြစ်သည်ဟု ဆိုသည်။
၎င်း NCA စာချုပ်ကို အခြေခံကာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို လွန်ခဲ့သော အစိုးရလက်ထက်များ၌ လုပ်ဆောင်ခဲ့ဖူးသည်။
NCA သည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သဘောတူစာချုပ်ဖြစ်သည့်အတွက် တရားဝင် စာချုပ်ဖြစ်ပြီး ပျက်ပြယ်မှုမရှိကြောင်းလည်း ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ဆက်လက်ပြောသည်။
ထို့ကြောင့် NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုအနေဖြင့် NCA ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော နိုင်ငံတော် တည်ဆောက်နိုင်သည်အထိ ငြိမ်းချမ်းရေးကို ဆွေးနွေးသွားမည်ဟု ၎င်းက ထပ်မံပြောသည်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့တို့သည် ပြည်တွင်း၊ ပြည်ပသက်သေများရှေ့၌ NCA စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
အလားတူ NLD အစိုးရလက်ထက် ပြီးခဲ့သော ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂)ဖွဲ့သည် NCA စာချုပ်အား ထပ်မံပါဝင် လက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိတွင် NCA စာချုပ်အား လက်မှတ်ရေးထိုးထားသည့် EAO (၁ဝ)ဖွဲ့ရှိပြီး ၎င်းတို့မှာ KNU၊ CNF၊ ABSDF၊ ALP၊ LDU၊ PNLO၊ NMSP၊ KNU/KNLA-PC၊ DKBA နှင့် RCSS တို့ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီးနောက် NCA ရေးထိုးထား သည့်အဖွဲ့များအနက် EAO (၇)ဖွဲ့သည် NCA ၏အနှစ်သာရများကို ဆက်လက်စွဲကိုင်ထားကြောင်း တွေ့ရှိရပြီး KNU၊ CNF နှင့် ABSDF တို့သည် NCA လမ်းကြောင်းမှ သွေဖယ်ကာ နစကအား လက်နက်ကိုင်တော်လှန်နေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်သို့ လာရောက်ဖူးမြော်မည့် ဘုရားဖူးများအားလုံးကို အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပြုမည်ဟု နစက ပြန်လည်အသိပေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း